ဘီးလင်းမြို့နယ်တွင် ရေကြီးရေလျှံမှုမှာ ပြန်လည်ကျဆင်းသွားသဖြင့် ကယ်ဆယ်ရေးစခန်း ၂၇ ခုအနက် ၂၅ ခုကို ပိတ်သိမ်းပြီး အိမ်ထောင်စု ၁၇၀၉ စုကို နေရပ်များသို့ ပြောင်းရွှေ

သြဂုတ် ၁၂

       မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း သြဂုတ်လ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့ရာမှ တောင်ကျရေများ ဘီးလင်းမြစ်အတွင်းသို့စီးဝင်၍ ရေလျှံတက်လာမှုကြောင့် ရပ်ကွက်/ ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်လွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အိမ်ခြေ ၇၇၁ အိမ်၊ အိမ်ထောင်စု ၁၇၇၈ စု၊ လူဦး ရေစုစုပေါင်း ကျား ၃၉၆၆ ဦး၊ မ ၄၃၆၉ ဦး၊ ပေါင်း ၈၃၃၅ ဦးတို့အား ကယ်ဆယ်ရေးစခန်း ၂၇ ခုသို့ ရွှေ့ပြောင်းထားရှိခဲ့ကြောင်း သိရပါသည်။

      ယနေ့တွင် ရေကြီးရေလျှံမှုမှာ ပြန်လည်ကျဆင်းသွားခဲ့ရာ ကယ်ဆယ်ရေးစခန်း ၂၇ ခုရှိသည့်အနက်မှ ကန်သာယာရပ်ကွက်မှ ဓမ္မဝိဟာရကျောင်းတိုက်တွင် အိမ်ခြေ ၅၀ အိမ်၊ အိမ်ထောင် စု ၅၀ စု၊ လူဦးရေ ကျား ၁၁၀ ဦး၊ မ  ၁၁၂ ဦး၊ ပေါင်း ၂၃၂ ဦး၊ ဘိုးလှကြီးရပ်ကွက်ရှိ ပိန္နဲတောကျောင်းတိုက်တွင် အိမ်ခြေ ၁၉ အိမ်၊ အိမ်ထောင် စု ၁၉ အိမ်၊ လူဦးရေကျား ၁၆၃ ဦး၊ မ ၁၆၂ ဦးတို့သာ ကျန်ရှိပြီး ကယ်ဆယ်ရေးစခန်း ၂၅ ခုမှ အိမ်ခြေ ၁၇၀၂ အိမ်၊ အိမ်ထောင်စု ၁၇၀၉ စု၊ လူဦးရေ ကျား ၃၈၀၃ ဦး၊ မ ၄၂၀၇ ဦး၊ ပေါင်း ၈၀၁၀ ဦးတို့မှာ မိမိနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

       အဆိုပါ နေရပ်ပြန် ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့စဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘီးလင်းတပ်နယ်မှ တပ်မတော်သားများ၊ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN