ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ် မြေရဲစခန်းမှ ရဲတပ်သား တစ်ဦး သထုံဘက်မှ ဇင်းကျိုက်ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် အကြမ်းဖက် PDF နှစ်ဦးက နောက်မှလိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၁၂

       မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ် မြေရဲစခန်းမှ ပန်းကုန်းကျေးရွာ နယ်ထိန်းတာဝန်ထမ်းဆောင်သူ ရဲတပ်သား ထွန်းနိုင်လင်း သည် ယနေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်
သထုံဘက်မှ ဇင်းကျိုက်ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ပေါင်မြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်းမကြီး၊ ပန်းကုန်းကျေးရွာ၊ ရပ်ကွက်(၂)ပိုင်း၊ ဦးကရင်ထမင်းဆိုင်အနီး လမ်းကွေ့ အရောက်၌  လူသတ်အကြမ်းဖက်သမား PDF  ၂ ဦးက ဆိုင်ကယ်ဖြင့် နောက်မှ လိုက်ပါလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဇင်းကျိုက်ဘက်သို့ ဆက်လက်မောင်းနှင်သွားခဲ့သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ် သား ထွန်းနိုင်လင်း မှာ ကျည် ၃ ချက်ခန့်ထိမှန်၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊  အဆိုပါ အကြမ်းဖက် PDF များကို ဖမ်းဆီးရမိရေး အခင်းဖြစ်နေရာပတ်ဝန်းကျင်ကို နယ်မြေခံလုံခြုံရေးအဖွဲ့က သွားရောက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN