ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ပြည်သူ့စစ်များဖြင့် ဖွင့်လှစ်သည့် ပြည်သူ့စစ်အထူးကွန်မန်ဒိုအထူးသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့


သြဂုတ် ၁၂

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ပြည်သူ့စစ်များဖြင့် ဖွင့်လှစ်သည့် ပြည်သူ့စစ်အထူးကွန်မန်ဒိုအထူးသင်တန်း သင်တန်းဆင်းဂုဏ်ပြုပွဲကို ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် နယ်မြေခံတပ်ရင်းတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း၊ ထိုသင်တန်းဆင်းပွဲကို တပ်နယ်မှ ဗျူဟာမှူး၊တပ်ရင်းမှူး၊ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ အသီးသီးတက်ရောက်ကြကြောင်း သိရပါသည်။

      ”တိုင်းဖျက်ပြည်ဆူ၊ သာသနာဖျက် လူသတ် ဓားမြတိုက်၊ အကြမ်းဖက်သမားKIA နဲ့ PDF တွေကို ချေမှုန်းချင်လို့ မိမိအသိစိတ်ဓာတ်နဲ့ အထူးကွန်မန်ဒိုသင်တန်းကို တက်ရောက်ခဲ့တာပါ” ဟု ကွန်မန်ဒို သင်တန်းတက်ရောက်ခဲ့သော မှော်ထော်ကျေးရွာမှ ပြည်သူ့စစ်တစ်ဦးက PAN သို့ ပြောပြလာသည်။

       ကန့်ဘလူမြို့နယ်သည် နိုင်ငံရေးတည်ငြိမ်မှုမရှိကတည်းက မိမိမြို့နယ်၊ မိမိကျေးရွာ၊ မိမိဒေသကို ချစ်တဲ့စိတ်၊ ကာကွယ်လိုစိတ်ဖြင့် ပြည်သူ့စစ် များစတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုဆိုလျှင် ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ်များအများပြားအင်အားကောင်း တောင့်တင်းလျက်ရှိကြောင်း၊ ယခု ဖွင့်လှစ်သည့်သင်တန်းကို ကန့်ဘလူအခြေပြု ဗျူဟာမှူး၏ အစီအမံဖြင့် ပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်အထူးကွန်မန်ဒိုအဖွဲ့ကိုပါ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN