ဩဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊အနောက်ပြင်လမ်းတွင် ဦးဂွမ်မိုး၊ ၂၄ နှစ်၊ (ဘ) ဦးဂွမ်စိန်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ စမ်းလှမ်းကျေးရွာနေသူကို လူသတ်အကြမ်းဖက် PDF အင်အား ၁၀ ဦးခန့်က ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဦးဂွမ်မိုး သည် လောင်းလုံးမြို့ရှိမြို့လယ်ကျောင်းဘုန်းတော်ကြီး ဘုန်းကြီးပျံပွဲမှစမ်းလှမ်းကျေးရွာသို့ ၎င်းပိုင် ဆိုင်ကယ်ဖြင့် စမ်းလှမ်း - လောင်းလုံးလမ်အတိုင်း ပြန်လာစဥ် အခင်းဖြစ်နေရာအရောက်တွင် အကြမ်းဖက် PDF အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ၆ စီးဖြင့်ကြိုတင်ရောက်ရှိစောင့်ဆိုင်း၍ ဦးဂွမ်မိုး၏ရှေ့မှ လမ်းပိတ်ရပ်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဦးဂွမ်မိုး တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာရရှိသေဆုံးသွားခဲ့ကြောင်းသတင်း ရရှိပါသည်။
အဆိုပါ သေဆုံသွားသူ ဦးဂွမ်မိုး သည် စမ်းလှမ်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် တစ် ဦးဖြစ်ကြောင်း၊ ယ္ခုပစ်ခတ်ခံရသည့်နေရာတွင် ယခုနှစ်၊ မေလ ၂၆ ရက်နေ့က စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသော်ဇင်စိုး(ခ) ကိုရဲလေး ကို လူသတ်အကြမ်းဖက် PDF အဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့သော နေရာဖြစ်ကြောင်း သိရပါ သည်။
#PAN