“အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ဟင်းသီးဟင်းရွက်များ အတွင်း သိုဝှက် သယ်ဆောင်လာသည့် ကန်ဒေါ်လာ ၄သန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့”

သြဂုတ် ၁၀

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ဟင်းသီးဟင်းရွက်များနှင့် သိုဝှက်သယ်ဆောင် ထားသည့် ဒေါ်လာ ၄ သန်းတန်ဖိုးရှိ meth အမျိုးအစား စိတ်ကြွ ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းဌာန များကပြီးခဲ့သည့် သြဂုတ်လ ၉ရက်နေ့က ဖော်ပြ​ပြောဆိုထား ကြပါတယ်။

ကန်ဒေါ်လာ ၄ ဒသမ ၃၆ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေး အေးဂျင့်များက ကြားဖြတ် ဖမ်းယူခဲ့ ကြတာလည်းဖြစ်ပါတယ်။

သတင်းဌာနများ၏ အဆိုအရ Pharr အမေရိကန်နိုင်ငံ International Cargo Facility ဌာနမှ အရာရှိများသည် မက္ကဆီကိုမှလာသော ထရပ်ကားကို ရပ်တန့်စေကာ ဆက်လက် စစ်ဆေးမှုများပြုလုပ်နိုင်ရန် လွှဲပြောင်း မှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကုန်တင်ယာဉ်အား စစ်ဆေးစဉ်အတွင်း တာဝန်ရှိသူများက ဟင်းသီးဟင်းရွက် ရောနှောတင်ပို့မှုများထဲမှ ဖုံးကွယ်ထားသော မက် ဆေးပြား အထုပ် ၂,၂၃၂ ထုပ်ကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

စုစုပေါင်း မူးယစ်ဆေးဝါး အလေးချိန်မှာ ၄၈၈ ပေါင် ရှိကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆ်ိုထားကြပါတယ်။