ရွှေဘိုမြို့နယ်အတွင်း ကျေးရွာများတွင် အကြမ်း ဖက် PDF များက လက်နက်အားကိုးဖြင့် ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်အနိုင်ကျင့်လျှက်ရှိ

ဩဂုတ် ၁၀

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့သည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့ဖြစ်ပြီး မြို့ပေါ်တွင် ပုံမှန်ရောင်းဝယ်လျှက်ရှိသော်လည်း မြို့နယ်အတွင်း နေရာအနှံ ဗုံးများနေစဥ်ပေါက်ကွဲလျက်ရှိကြောင်း၊ မြို့ပေါ်ကျောင်းများ၊ပြည်သူ့စစ်ရှိသောရွာများရှိ ကျောင်းများသာ ဖွင့်လှစ်နိုင်ကြောင်း၊ ရွှေဘိုအရှေ့ခြမ်း ကျောက်မြောင်းမြို့ နယ်ခွဲဘက်၌ တည်ငြိမ်လျက်ရှိသော်လည်း အကြမ်းဖက်သမား PDF များက လစ်လျှင်လစ်သလို အကြမ်းဖက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

      ယမန်နေ့ ၁၀ နာရီအချိန်က ဇီကုန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ဦးရွှေကို၊ ၆၇ နှစ်၊ ရွှေဘိုမြို့ပေါ် ရန်ကြီးအောင်ကွက်သစ်၌ လူသတ်အကြမ်း ဖက် PDF စိစစ်ဆဲအဖွဲ့က သေ နတ်ဖြင့် ပစ်ခတ်ခဲ့ရာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

        ယမန်နေ့ မွန်းတည် ၁၂ နာရီအချိန်ခန့်တွင်ရွှေဘိုအနောက်ပိုင်း၊ ဇီးဖြူကုန်းနှင့် မဘေးရွာတို့ ဆက် သွယ်ထားသောမဘေးတံတား (အရှည်ပေ ၁၀၀)ကို အကြမ်းဖက် PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့်တံတားပျက်စီးသွားကြောင်း၊ အလားတူ သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကလည်း အမှတ် (၆) ရပ်ကွက်၊ ကားကြီးကွင်းအနီး ဗုံးတစ်လုံး ပေါက်ကွဲပြီး ပြည်ရွှေသိင်္ခဟိုတယ်၏ မှန်များ ထိမှန်၍ကွဲသွားခဲ့ကြောင်း၊ ကျေးရွာများအနေဖြင့် ယခုအချိန်သည် လယ်ယာစိုက်ပျိုးချိန်ဖြစ်ပြီး အကြမ်းဖက် PDFများကို လယ်စိုက်လျှင် အကြမ်းဖက် PDF အဖွဲ့ကို ငွေကျပ် သောင်းဂဏန်းအထိ ဆက်ကြေးပေးနေရကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN