“မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်က ၎င်းတို့နိုင်ငံ စစ်တပ်၏ ထိပ်တန်း အဆင့် ဗိုလ်ချုပ်ကြီးများကို ရာထူးမှ ထုတ်ပယ်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံအတွင်း စစ်လက်နက် ထုတ်လုပ်မှုများ အပါအဝင် စစ်ပွဲဆိုင်ရာ ပြင်ဆင်မှုများကို အရှိန်မြှင့်တင် သွားကြရန် တိုက်တွန်းတောင်းဆိုခဲ့”

သြဂုတ် ၁၀

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် Kim Jong Un က ၎င်းတို့နိုင်ငံ စစ်တပ်၏ ထိပ်တန်းအဆင့် ဗိုလ်ချုပ်ကြီးများကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နိုင်ငံအတွင်း စစ်လက်နက်များ ထုတ်လုပ်မှု မြှင့်တင်သွားနိုင်ရန်နှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်း အပါအဝင် စစ်ပွဲဆိုင်ရာ ပြင်ဆင်မှုများကို အရှိန်မြှင့် သွားကြရန် တောင်းဆိုခဲ့ပါတယ်လို့ နိုင်ငံပိုင်မီဒီယာက ယနေ့ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ကင်ဂျုံအွန်သည် နိုင်ငံ၏ အဓိက စစ်လက်နက်စက်ရုံအများအပြားကို စစ်ဆေးပြီးနောက် ရက်ပိုင်းအကြာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုရီးယား ဗဟို စစ်ကော်မရှင်အစည်းအဝေးတွင် အဆိုပါ ​ထုတ်ပြန်ချက်များ ထွက်ပေါ် လာခဲ့ခြင်း လည်းဖြစ်ပါတယ်။

ဆိုးလ်(တောင်ကိုရီးယား) နှင့် ဝါရှင်တန် (အမေရိကန်) တို့သည် ယခုလ နှောင်းပိုင်း တွင်နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု များပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် မြောက်ကိုရီးယားက ၎င်းတို့နိုင်ငံအတွင်း ပြည်ပ ကျူးကျော် စစ်များပြုလုပ်နိုင်ရန် အစမ်း လေ့ကျင့်မှုအဖြစ် ရှုမြင်ကာ မြောက်ကိုရီးယားတို့၏ တုံ့ပြန်မှုများသည် ပြင်းထန်သော လုပ်ရပ်များကို ဖြစ်ပေါ်စေ နိုင်တယ်လို့လည်း ထပ်ခါတလဲလဲ သတိပေးထားပြီးလည်း ဖြစ်ပါတယ်။

ထို့နောက် ​အစည်းအဝေးတွင် ခေါင်းတောင် ကင်ဂျုံအွန် က မြောက်ကိုရီးယား အထွေထွေ ဝန်ထမ်း အကြီးအကဲ PakSu ll ရာထူးနေရာကို ဒုတိယဗိုလ်ချုပ်ကြီး Ri Yong Gil အား အစားထိုး ပေးအပ်ခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံ KCNA သတင်းဌာနမှ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ အဆင့် အစည်းအဝေး၏ အစီအစဉ်မှာ “စစ်ပွဲများ အတွက် ပြီးပြည့်စုံသော စစ်ရေးပြင်ဆင်မှု” ကို သေချာစေရန် “ပိုမိုအားကောင်းသော တိုက်ခိုက်မှုနည်းလမ်းများရှာဖွေသွားရန်” အပါအဝင် “စစ်ပွဲအတွက် အပြည့်အစုံ ပြင်ဆင်မှု” များ ကို ဆွေးနွေး ခဲ့ကြတာ ဖြစ်တယ်လို့ KCNA သတင်းဌာန မှ ပြောကြားခဲ့ပါတယ်။

ထို့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က “စစ် လက်နက်မျိုးစုံနှင့် စက်ကိရိယာများ အမြောက် အမြား ထုတ်လုပ်ခြင်းများအတွက် ခဲယမ်း စက်ရုံများအားလုံးကို တွန်းအား ပေးသွားရန်” လို့ အဆိုပါ အစည်း အဝေး ၏ အစီရင်ခံစာတွင် ဖော်ပြ ထားပါတယ်လို့ သတင်းဌာန များက ဖော်ပြပြောဆိုနေကြပါတယ်။