ဘိုကလေးမြို့နယ်၊မားယားကျေးရွာတွင် အသက် ၁၂ အရွယ်မိန်းကလေးတစ်ဦးကို အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မမုဒိန်းပြုကျင့်

ဩဂုတ် ၁၀

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက လေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မား ယားကျေးရွာတွင် နေထိုင်သော မောင်မောင်၊ ၂၅ နှစ်၊ (ဘ)ဦးမြင့်သိန်းသည် သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တစ်ရွားတည်းနေ ဦး×××× ၏ နေအိမ်သို့အလည်သွားရင်း ဦး××××× ၏သမီးမ ××××× ၊ ၁၂ နှစ် ကို ၎င်း၏ အိမ်အတွင်းဝ်ရောက်၍ အလိုမတူဘဲ အဓမ္မမုဒိန်းပြုကျင့်ခဲ့ကြောင်း သိရသည်။

       အဓမ္မပြုကျင့်သူ မောင်မောင်က မ ××××× ကို လူကြီးများကို တိုင်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ မ ××××× မှာ ကြောက်လန့်၍ မပြောရဲဘဲနေခဲ့ရာ ယနေ့မှ ၎င်း၏ မိခင်ဖြစ်သူကို ပြောပြခဲ့ကြောင်း၊ မိခင်ဖြစ်သူမှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ မြို့မရဲစခန်းမှ တရားခံမောင်မောင် ကို စစ်ဆေးအရေးယူရန် သွားရောက်ဖမ်းဆီးရာ တရားခံ မောင်မောင် မှာ သတင်းကြိုတင်ရရှိပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိပါသည်။

#PAN