ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် လူသတ်အကြမ်းဖက် PDF ၂ ဦးက ဈေးဝယ်နေသော သာမန်ပြည်သူ ၂ ဦးကို ပစ္စတိုသေနတ်ဖြင့် ​ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၁၀

       ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာတွင် ကျော်သူအောင် (အသက်၊ အဘ၊ စိစစ်ဆဲ)နှင့် ၎င်း၏ တပည့် ဖြစ်သူ(အမည် ၊ အသက်၊ နေရပ် စိစစ်ဆဲ)တို့နှစ်ဦးကို လူသတ်အကြမ်းဖက် PDF ၂ ဦးက  စ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၎င်းနှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

       ဖြစ်စဥ်မှာ  ကျော်သူအောင်နှင့် ၎င်း၏ တပည့် ဖြစ်သူတို့ နှစ်ဦးသည် အဆိုပါ နတ်ပုတီးကျေး ရွာရှိ ဦးမြသန်း၏ စျေးဆိုင်တွင် ကွမ်းယာဝယ်နေစဉ် လူသတ်အကြမ်းဖက် PDF ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရန်ကုန် – ပြည်ကားလမ်းအတိုင်း ဝတ်ပုတ်ကျေးရွာ ဘက်သို့ ထွက်ခွာသွားကြောင်း သိရပါသည်။

       အဆိုပါ ကျော်သူအောင်နှင့် ၎င်း၏ တပည့် ဖြစ်သူတို့သည် သာမန်ပြည်သူများသာဖြစ် ကြောင်း၊ လူသတ်အကြမ်းဖက်များက ၎င်းတို့နှစ်ဦးကို မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကို မသိရသေးကြောင်း၊ သတ်ဖြတ်သွားသူ အကြမ်းဖက် PDF နှစ်ဦးကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက ပိတ်ဆို့ရှာဖွေရှင်းလင်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN