ကရင်အမျိုးသားအစည်းအရုံး  KNU ခေါင်း ဆောင်များ၏ မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် ကရင်ပြည်နယ် မပျက်စီးစေသင့်ပါ

( ၁၀ – ၈ – ၂၀၂၃ )

         နိုင်ငံတော်အာဏာကို အဓမ္မရယူရန် NLD ပါတီ ၏ မဲသမာမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့သည်ကို အကြောင်းပြု၍ ကရင်အမျိုးသားအစည်းအရုံး  KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း တရားဝင်ကြေညာ ပြောဆိုလိုက်သည်။

      ယနေ့ ကျင်းပသည့် KNU ဗဟိုအလုပ်အမှု ဆောင်အဖွဲ့သစ်၏ ပထမ  ရက် ၁၀၀  ကာလ သတင်းစာရှင်းလင်းပွဲတွင် KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက သတင်း ထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်းဖြစ်သည်။

      တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးချုပ် NCA အခန်း ၁ ပါ ပြဋ္ဌာန်းချက်များကို စစ်ကောင်စီတပ်က စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ချိုးဖောက် လိုက်သဖြင့် NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ စစ်ကောင်စီသည် နိုင်ငံတ ကာကို လှည့်စားရန် နှင့် ပြည်သူလူထုကို လှည့် စားရန် NCA စာချုပ်ကို ဆက်လက် တည်ရှိနေသယောင် အသုံးပြုနေကြောင်း  ၎င်းက ပြောဆိုခဲ့ သည်။

    ကရင်အမျိုးသားအစည်းအရုံး  KNU အနေဖြင့် ယခုနှစ် ဇွန်လအတွင်း (၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးကွန်ကရက်ကို ကျင်းပပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ရှိခဲ့ပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက်မသွားလိုသော ခေါင်းဆောင်အများစုက နေရာရလာခဲ့သည်။ ယခင် ကရင်အမျိုးသားအစည်းအရုံး  KNU ဥက္ကဌ မူတူးဆေးဖိုး အနေဖြင့် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးနည်းလမ်းဖြင့် ​ဖေရှင်းလိုသော်လည်း ယခု ဥက္ကဌ အသစ် ပဒိုစောကွယ်ထူးဝင်း အနေဖြင့် လက်နက်ကိုင်လမ်းစဥ်ကို လိုလားသည်။

    ကရင်အမျိုးသားအစည်းအရုံး  KNU မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ အနေဖြင့် NCA လမ်းကြောင်းသာလိုလားကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းပေါ်တွင်သာ ဖြေရှင်းလိုကြောင်း သိရပါသည်။

      လက်ရှိ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ ပြည်သူများအနေဖြင့် NCA စာချုပ်အောက်တွင် အေးချမ်းစွာ နေထိုင်လာခဲ့ပြီး ဖွံဖြိုးတိုးတက်မှုအရသာကို ပျက်စီးသွားမည်ကို မလိုလားကြကြောင်း၊ စစ်ပွဲကို အလိုမရှိကြတော့ကြောင်း စစ်ပွဲများပြန်ဖြစ်လာလျှင် ကြားထဲက ပြည်သူများသာ မြေစာပင်ဖြစ်ကြရကြောင်းကို ဒေသခံပြည်သူများက ကောင်းစွာ သိနေကြပြီဖြစ်ကြောင်း လှိုင်းဘွဲ့မြို့နယ်မှ အမည်မဖော်လိုသူ ကရင်တိုင်းရင်သားတစ်ဦးက PAN သို့ ပြောပြလာပါသည်။

    ကရင်အမျိုးသားအစည်းအရုံး  KNU ခေါင်း ဆောင်များ၏ ဆုံးဖြတ်ချက်သည် အနာဂါတ် ကရင်ပြည်နယ်မှ ပြည်သူများ၏ ဘဝကို သက်ရောက်မှုရှိစေမည် ဖြစ်ပြီး ၎င်းခေါင်းဆောင်များ၏ မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် ကရင်ပြည်နယ် မပျက်စီးစေသင့်ပါကြောင်း ဖော်ပြအပ်ပါသည်။

#PAN