“၃နှစ်နီးပါးအချိန်သို့ရောက်ရှိလာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများကို နိုင်ငံရေးအရ ပြေလည် အောင်ဖြေရှင်း သွားကြရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံ သမ္မတ က တိုက်တွန်းပြောကြားခဲ့”

သြဂုတ် ၈

အရှေ့တောင်အာရှနိုင်ငံတွေက သံတမန်ရေးအရ ကြိုးပမ်းမှုတွေ အရှိန်မြှင့်လာတဲ့အတွက် ၃နှစ်နီးပါး အချိန်ရှိနေပြီဖြစ်သည့် မြန်မာနိုင်ငံရေး အကျပ်အတည်းများ ပြေလည်အောင် ဖြေရှင်းဖို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပဋိပက္ခအားလုံးကို နိုင်ငံရေးအရ ဖြေရှင်းသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးနောက်ပိုင်း   ဒေါ်အောင်ဆန်းစုကြည် အား အဂတိလိုက်စားမှုကနေ Covid-19 စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်မှု ရာဇ၀တ်မှု ၁၉ မှုအထိ တရားစွဲဆို ခံခဲ့ရပြီးနောက်ပိုင်း ၂ နှစ်တာအချိန် ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် မှုပေါင်း များစွာ နှင့်  တိုင်းပြည်ကို ဖျက်ဆီးခံ ခဲ့ရပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေး စိန်ခေါ်မှုတွေ ပြည့်နှက် နေသေးတာကို ကျနော်တို့ သိပါတယ်။ ပါတီအားလုံးရဲ့ နိုင်ငံရေး အရ ပြေလည် အောင်ညှိနှိုင်းရေး ဆန္ဒရှိမှ ဒီအခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကိုလည်း သဘောပေါက်ရမှာပါ” လို့ ယနေ့ ကျင်းပသည့် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်ခြင်း ၅၆ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် အင်ဒိုနီးရှား သမ္မတ က ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ခေါင်းဆောင်က မြန်မာနိုင်ငံ အပါအဝင် အခြားသော အဖွဲ့ဝင်နိုင်ငံ များပါဝင်သည့် ၁၀ နိုင်ငံအဖွဲ့သည် မြန်မာနိုင်ငံရေး အကျပ်အတည်းများအတွက် ပြေလည်မှုရရှိရန် ဆက်လက်ပူး ပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“အာဆီယံအနေနဲ့က သင်္ဘောကြီးတစ်စင်းနဲ့တူပါတယ်။ရှေ့ကို ဆက်သွားရပါမယ်။ ဒီသင်္ဘောကြီးဟာ ဆက်ပြီး ရွက်လွှင့်ရမှာပါ” လို့ ၎င်းက ဆိုထားပါတယ်။

“ဒီသင်္ဘောကြီး နစ်မြုပ်လို့ မရဘူးဆိုတော့ ဒါက သင်္ဘောကြီး အတွင်းထဲမှာနေထိုင်ကြတဲ့ လူသန်းပေါင်းများစွာအတွက် ကျနော် တို့ရဲ့တာဝန်ပဲ”ဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ သည် ယခုနှစ် အာဆီယံ အစုအဖွဲ့၏ ဥက္ကဋ္ဌရာထူး ဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပသွားမည်လည်းဖြစ်ပါတယ်။

အက်ဒိုနီးရှားနိုင်ငံ ဂျကာတာအစိုးရသည် မြန်မာစစ်အစိုးရနှင့် “တိတ်ဆိတ်သော သံတမန်ရေး” လို့ခေါ်တွင်သည့် စေ့စပ် ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်လည် ရောက်ရှိ စေရန် ကြိုးပမ်းမှုများတွင် ပါဝင် လာခဲ့ တာလည်းဖြစ်ပါတယ်လို့ သတင်း ဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

#PAN