လောင်းလုံးမြို့နယ်၊ဝေဒီ​ကျေးရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက အကြောင်းမဲ့သတ်ဖြတ်၊လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်မှုများ အဆက်မပြတ်ဖြစ်ပွားလျှက်ရှိ

ဩဂုတ် ၉

          တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်​၊လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့၏အ​ရှေ့ဘက် ၃ မိုင်ခန့်အကွာ​ရှိ ဝေဒီ​ကျေးရွာတွင် ဦးဝင်းနိုင်၊ ၅၄ နှစ်၊ (ဘ) ဦးထွန်းအုံးသည်​ နေအိမ်မှ​ရေချိုးသွားရန် ထွက်လာစဥ်​ နေအိမ်အ​ရှေ့ခြံစည်းရိုးအ​ရောက်၌ ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် လူသတ်အကြမ်ဖက် PDF နှစ်ဦးက ဆိုင်ကယ် ၁ စီး​ဖြင့် ရောက်ရှိလာပြီး​သေနတ်ဖြင့်ပစ်ခတ်ထွက်​ပြေးသွားခဲ့ပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဝင်းနိုင် တွင် ယာလက်​မောင်း ကျည်​ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ယာတံ​တောင်ဆစ် ကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ​နောက်​ကျော ကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ လူနာကို ထားဝယ်မြို့ဇဗ္ဗူသီရိလူမူ့ကူညီ​ရေးအသင်းမှ​ မော်​တော်ယာဥ်ဖြင့်ထားဝယ်မြို့ပြည်သူ့​ဆေးရုံကြီးသို့ ပို့​ဆောင်ခဲ့ပေးခဲ့ကြောင်း သိရပါသည်။

      ​ အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသူ၏ဦးဝင်နိုင် ဖခင်ဖြစ်သူ ဦးထွန်းအုန်း မှာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်သူ အကြမ်းဖက် PDF ၂ ဦးမှာ ဆိုင်ကယ်ဖြင့်​လောင်းလုံးမြို့၏​မြောက်ဘက် ၅ မိုင်ခန့်အကွာ အင်း​ဇောက်​ကျေး ရွာဘက်သို့ ပြန်လည်​မောင်းနှင်ထွက်​ပြေးသွား​ကြောင်းသတင်းရရှိပါသည်။

​        အလားတူ သြဂုတ်လ ၆ ရက်နေကလည်း လောင်း လုံးမြို့၏​မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်း​ဇောက်​ကျေးရွာတွင် လူသတ်အကြမ်းဖက် PDF ၂၀ ဦးခန့်က ထားဝယ်မြို့ဘက်မှ​လောင်းလုံးမြို့ဘက်သို့​ မောင်းနှင်လာ​သောဒိုင်နာအမျိုးအစား အဖြူ​ရောင်​မော်​တော်ယာဥ်ကို လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့​ရာတွင် မော်တော်ယာဥ်အား မထိမှန်ဘဲ အင်း​ဇောက်​ကျေးရွာ၊ ဘိလိ ယက်ခုံအတွင်းရှိ​နေ​သော ဦးမျိုး​​ဇော်လတ်၊ မြခါးပတ်​ကျေးရွာနေသူကို ကျည်ထိမှန် သေ ဆုံးခဲ့ပါသည်။

          ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်တွင် လူသတ်အကြမ်းဖက် PDF များ၏ အကြမ်း ဖက်မှုများ အဆက်မပြတ်ဖြစ်ပွားလျှက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်လျှက်ရှိကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN