ရွှေဘိုမြို့နယ်၊ဘုတ်ကုန်းကျေးရွာ(ပြည်သူ့စစ်)ရွာမှ လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးသွားသော တောင်သူ ၂၁ ဦးကို ရွာသန်းကျေးရွာအကြမ်းဖက်စခန်းမှ နယ်မြေရှင်းလင်းရေးစစ် ကြောင်းနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့က ကယ်ထုတ်နိုင်ခဲ့

ဩဂုတ် ၉

          သြဂုတ်လ ၄ ရက်နေ့ မွန်းလွှဲ၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ဘုတ်ကုန်းကျေးရွာ(ပြည်သူ့စစ်)ရွာရှိ တောင်သူ ၂၁ ဦးသည် ယာတော၌ လယ်ယာလုပ်ငန်းလုပ် ကိုင်ဆောင်ရွက်နေစဥ် လူသတ်အကြမ်းဖက် PDF အဖွဲ့က ၎င်းတောင်သူတို့ပိုင်ဆိုင်သော နွား ၂၀၄ ကောင်၊သိုး ၂၆၃ ကောင်၊ဆိတ် ၈၅ ကောင်၊လှည်း ၄ စီးတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

        ၎င်း တောင်သူ ၂၁ ဦးနှင့် တိရိစ္ဆာန်များကို
ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာအကြမ်းဖက်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရွာသန်းကျေးရွာမှ တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် ယနေ့ နံနက် ၃ နာရီအချိန်ခန့်တွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် ဘုတ်ကုန်းကျေးရွာပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့က ၎င်းရွာသို့ သွားရောက်ရှင်းလင်းခဲ့၍ အဆိုပါ တောင်သူ ၂၁ ဦးကို အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့ပါသည်။

       အဆိုပါ ရွာသန်းကျေးရွာ အကြမ်းဖက်စခန်းတွင် ၎င်း တောင်သူ ၂၁ ဦးကို အိမ်တစ်လုံးအတွင်း ဖမ်းဆီးထားရှိကြောင်း၊ ၎င်းတောင်သူတို့ အပြင် အခြား(စိစစ်ဆဲ)ကျေးရွာမှ ရွာသူ/ရွာသား ၁၀ ဦးကိုလည်း သီးခြားအိမ်တစ်လုံးတွင် ဖမ်းဆီးထားရှိကြောင်း၊ ၎င်း ရွာသူ/ရွာသား ၁၀ ဦးကို အင်ကြင်းပင်ကျေးရွာ အကြမ်းဖက်စခန်းသို့ ယမန်နေ့က ရွှေ့ပြောင်းပို့ဆောင်ရာ ရွာသန်းကျေးရွာ အကြမ်းဖက်စခန်းတွင် အကြမ်းဖက် PDF အစောင့်သာထားရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ရာ ရွာသန်းကျေးရွာတွင် အကြမ်းဖက် PDF အင်အားအနည်းငယ်သာကျန်ရှိချိန် ယနေ့နံနက်က တပ်မ တော်စစ်ကြောင်းနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က လာရောက်ရှင်းခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်း လာရောက်ရှင်းလင်းသည့် သတင်းကို အစောင့်အကြမ်းဖက် PDF များက ရရှိပြီး အကြမ်းဖက် သမားအချို့ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြောင်း၊ အလားတူ အဆိုပါ ရွာသန်းကျေးရွာမှ ရွာသူ၊ ရွာသားများလည်း ကြောက်လန့်ပြီး ထွက်ပြေးသွားကြကြောင်း သိရပါသည်။

       အကြမ်းဖက် PDF များက ဖမ်းဆီးထားသည့် ဆိတ်၊ သိုး၊ နွား တိရိစ္ဆာန်များကို ရွာ၏မြောက်ဖက် ကွင်းပြင်တွင် ခြံခတ်ထားရှိကြောင်း၊ တပ်မ တော်စစ်ကြောင်းနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ၎င်း တိရိစ္ဆာန်များကို အဆိုပါခြံထဲမှ မောင်းထုတ်ရာ တိရိစ္ဆာန်များထွက်ပြေးရာမှ မိုင်းနှစ်လုံးကွဲခဲ့ကြောင်း၊ တိရိစ္ဆာန်ခြံ အနီးပတ်ဝန်းကျင်တွင် မိုင်းများထောင်ထားသဖြင့် တိရိစ္ဆာန်များကို အနီးကပ်မထိန်းကျောင်းနိုင်ဘဲ ရွာ၏အရှေ့ဖက်သို့ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

      အလားတူ အဆိုပါ အကြမ်းဖက် PDF များသည် အခြားဒေသများမှ မော်တော်ယာဥ်များကို ဖမ်းဆီးပြီး ရွာသန်းကျေးရွာ တောင်ကျောင်းဘုန်းကြီးကျောင်းဝန်းအတွင်း ထိန်းသိမ်းထားကြောင်း၊ စုစုပေါင်း မော်တော်ယာဥ် ၁၀ စီးခန့်ရှိပြီး ဘုန်းကြီးကျောင်းပတ်လည်တွင် မိုင်းများထားကြောင်း ရွာခံပြည်သူများထံမှ သတင်းရရှိပါသည်။

        ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး ခေါင်းစဥ်တပ်ပြီး ”ငါနဲ့မတူ ငါ့ရန်သူ” ဆိုသည့် အကြမ်းဖက်ဝါဒဖြင့် အရပ်သားပြည်သူများကို ယခုလို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေခြင်းအပေါ် ပြည်သူအများက လက်မခံတော့ဘဲ စက်ဆုပ်ရွံရှာလာကြသဖြင့် နီးစပ်ရာ တပ်မ တော်လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက် သတင်းပေးတိုင်ကြားလာကြကြောင်း သိရပါသည်။

#PAN