ပြင်ဦးလွင် – မန္တလေး အဆင်းကားလမ်း၊မိုင်တိုင်အမှတ် ၂၂/၁နှင့် ၂၂/၂ အကြား၌ GOLDEN DRAGON အမျိုးအစား၊ရွှေပွင့်ဖြူ ခရီးသည်တင်ယာဥ် အရှိန်မထိန်းနိူင်ဘဲချောက်အတွင်း ထိုးကျ တိမ်းမှောက်

ဩဂုတ် ၉

          ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် – မန္တလေး အဆင်းကားလမ်း၊မိုင်တိုင်အမှတ် ၂၂/၁နှင့် ၂၂/၂ အကြား၌ ယာဥ်မောင်း သိန်းညွန့်၊၄၃နှစ်၊(ဘ)ဦးမောင်စန်း၊ဆင်ဖြူကျွန်းမြို့၊မကွေးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဥ်နောက်လိုက် ချစ်တိုင်းအောင်၊၂၆နှစ်၊(ဘ)ဦးဝင်းနိူင်၊မကွေးမြို့နေသူ လိုက်ပါကာ ခရီးသည် ၁၀ ဦး တင်ဆောင်လာသော ယာဥ်အမှတ် YGN-9P/1428၊GOLDEN DRAGON အမျိုးအစား၊အပြာရောင်၊ရွှေပွင့်ဖြူ ခရီးသည်တင်ယာဥ်သည် အဆင်းကားလမ်းအတိုင်း မောင်းနှင်လာစဥ် အဆိုပါနေရာအရောက်၌ အရှိန်မထိန်းနိူင်ဘဲ လမ်း၏ဝဲဘက်ရှိ အနက် ၅ပေခန့်ရှိ ချောက်အတွင်း ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

       ဖြစ်စဥ်တွင် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်၏ ဝဲဘက်ခြမ်း ပိန်ချိုင့် ပျက်စီးသွားခဲ့ရာ ကာလတန်ဘိုး ၁၅ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဥ်အားတိမ်းမှောက်သည်အထိ မဆင်မခြင်မောင်းနှင်သူ ယာဥ်မောင်း သိန်းညွန့်အား အမှုဖွင့် အရေး ယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN