ဒဏ်ရာကြောင့် (၂)လဝန်းကျင် အနားယူရတော့မယ့် အန်ကွန်ကူ

Photos: BR

ဩဂုတ် ၉

    ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးသစ်ဖြစ်သူ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်ကွန်ကူ ဟာ ဒေါ့မွန်အသင်းနှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ရမည်ဖြစ်ပြီး (၂)လဝန်းကျင်အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

    (အသက် ၂၅ နှစ်) ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူက လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ချယ်လ်ဆီးက အန်ကွန်ကူကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။

    ဒါ့ကြောင့် အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်း၏ ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)ပွဲခန့်ကို လွဲချော်သွားမှာလဲ ဖြစ်ပါတယ်။