“ထိုင်းနိုင်ငံ စီးပွားရေး၏ ပြည်ပတင်ပို့မှု ကုန်သွယ်ရေးများ အားနည်းလာနေသော်လည်း နိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံ စီးပွားရေးများ ပြန်လည် ဦးမော့လာခဲ့”

သြဂုတ် ၉

ထိုင်းနိုင်ငံ၏ နိုင်ငံ စီးပွားရေးသည် ယခုနှစ် အတွင်း ပြည်ပတင်ပို့ကုန်အားနည်းလာနေသဖြင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်လာနေ သော်လည်း နိုင်ငံအတွင်းရှိ ခရီးသွား လုပ်ငန်းများနှင့် ငွေကြေး သုံးစွဲမှုတို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ် (BoT) ၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ Sethaput Suthiwartnaruput က ယနေ့ သြဂုတ်လ ၉ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ယခင် (နိုင်ငံစီးပွားရေးခန့်မှန်းချက်) သည် နှေးကွေးနေမှုကြောင့် ၃.၆ ရာခိုင်နှုန်း ဖြစ်ခဲ့ရပြီး အဆိုပါ ရာခိုင်နှုန်း ကိန်းဂဏန်းများအား ယခုနှစ် တွင် ၃ရာခိုင်နှုန်း သို့မြှင့်တင် ချိန်ညှိရန် လိုအပ်လိမ့်မည်” လို့ Mr Sethaput က ဗဟိုဘဏ် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် မေလတွင် ထိုင်းနိုင်ငံ ဗဟိုဘဏ်သည် ၎င်းတို့နိုင်ငံ ၏စီးပွားရေးတိုးတက်မှုနှုန်းကို ယခုနှစ်အတွက် ၃.၆ ရာခိုင်နှုန်း နှင့် လာမည့် ၂၀၂၄ ခုနှစ်တွင် ၃.၈ရာခိုင်နှုန်းသို့ တိုးမြှင့် ထားရှိရန်လိုအပ်နေပြီး နိုင်ငံ၏ စီးပွားရေးသည်လည်း ယမန်နှစ်က များထက် တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။

“ကမ္ဘာ့စီးပွားရေး ပြဿနာများကြောင့် နိုင်ငံတင် ပို့ကုန်များ အားပျော့သွားတယ်” လို့ ၎င်းက ပြောကြားခဲ့ပြီး နိုင်ငံအတွင်းရှိ ပုဂ္ဂလိက စားသုံးမှုနှင့် ခရီးသွားလုပ်ငန်းများကို ဆက်လက် နာလန်ထလာစေရန် ပံ့ပိုးပေး မည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆို ထားကြပါတယ်။