“ဂျပန်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်း များတွင် အသုံးပြုသည့် ရှားပါးမြေ တွင်းထွက် သတ္တုများ ကို နမီးဘီးယား နိုင်ငံအတွင်း တူးဖော် ထုတ်လုပ်မှု များပြုလုပ် နိုင်ရန် ဂျပန်-နမီးဘီးယား နှစ်နိုင်ငံ သဘောတူ လက်မှတ်များ ရေးထိုး နိုင်ခဲ့ကြ”

သြဂုတ် ၉

ဂျပန်နိုင်ငံသည် ရှားပါးမြေ တွင်းထွက်သတ္တုများကို ရှာဖွေတူးဖော်မှုများပြုလုပ်နိုင်ရန် နမီးဘီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့ နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်များ ရေးထိုးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံသည် ၎င်းတို့နိုင်ငံ ၏ ပိုမိုကျယ်ပြန့်လာသော အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သည့် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်မှုများတွင် အသုံးပြုသည့် ရှားပါမြေ များကိုတူးဖော်ထုတ်လုပ်နိုင်ရန် နမီးဘီးယားနိုင်ငံ နှင့် ပြီးခဲ့သည့် သြဂုတ်လ ၈ရက် အင်္ဂါနေ့က လက်မှတ်ရေး ထိုးခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၏သတ္တုနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းသည် နမီးဘီးယားနိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ Epangelo နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမီးဘီးယားသတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Windhoek တွင် ပြုလုပ်ကျင်းပခဲ့သည့် နှစ်နိုင်ငံ လက်မှတ်ရေးထိုးပွဲ အခမ်းအနား အပြီးတွင် ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Yasutoshi Nishimura က အာဖရိကတွင် အရေးပါသော တွင်းထွက်များ တူးဖော် ထောက်ပံ့ရေးကွင်းဆက်ကြီးတစ်ခု တည်ဆောက်နိုင်ရန် အတွက် Namibia၊ Zambia နှင့် Congo Democratic Republic of Congo အာဖရိက တိုက် အတွင်းရှိ ရှားပါးမြေ သိုက်များရှိသည့် နိုင်ငံ၅နိုင်ငံသို့ မကြာသေးမှိီအချိန်က သွား ရောက် လည်ပတ်မှုများပြုလုပ်ခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။