“အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် အာရှဒေသ အတွင်း ဆန်စပါး ကုန်သွယ်ရေး ဆိုင်ရာ အကျိုးအမြတ် အများဆုံးရရှိနေ”

သြဂုတ် ၈

ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံ မှ အာရှဒေသ များသို့ ဆန်တင်ပို့မှုများ ပိတ်ပင်မှု များပြုလုပ်ခဲ့သောကြောင့် အကျိုး အမြတ်များရရှိနေပြီး အာရှဒေသများသို့ စပါးတင်ပို့မှုအား ရပ်တန့်ရန် အကြောင်း မရှိသေးဘူးလို့ ထိုင်းနိုင်ငံ အိမ်စောင့် ကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က ပြီးခဲံသည့် သြဂုတ်လ ၇ရက်နေ့ တနင်္လာနေ့တွင် ပြောကြားခဲ့ တာဖြစ်ပါတယ်။

ထိုင်းလက်ရှိ အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု နှစ်ခုစလုံးအတွက် ဆန်အထွက်နှုန်း လုံလောက်မှုရှိစေရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မမြင့်မား စေရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ထို့နောက် ထိုင်းနိုင်ငံသည် မက်ထရစ်တန်ချိန် ၄ ဒသမ ၈ သန်း စပါး တင်ပို့ခဲ့ပြီး လစဉ်တင်ပို့မှုမှာ မက်ထရစ်တန် ၇၀၀,၀၀၀ မှ ၈၀၀,၀၀၀ အထိရှိကြောင်း ၎င်းက ​ဆိုပါတယ်။

အိန္ဒိယပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆန်တင်ပို့နေသည့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၈ သန်းကျော် တင်ပို့နိုင်သွားမည်ဟု မျှော်လင့်ထားကြကြောင်း နှင့် ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ ချောင်မာတက်စ်က မနှစ်ကထက် ၇ ဒသမ ၇၁ သန်း တိုးလာကြောင်း လည်းပြော ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံက ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ဖြူ ဈေးကွက်များ ထိတ်လန့်တုန်လှုပ်မှုများဖြစ်ပွား ပြီးနောက် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သူအချို့သည် သြဂုတ်လအတွင်း တင်ပို့မှုအတွက် မက်ထရစ်တန်ချိန် ငါးသိန်းခန့်ဖြင့် အရောင်းစာချုပ်များ ပြန်လည်ညှိနှိုင်းနေကြောင်း နှင့် ကုန်သွယ်ရေးသတင်းရင်းမြစ်များမှ ပြီးခဲ့သည့်သီတင်းပတ်အချိန်က ပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။