မြင်းခြံမြို့နယ်၊နတ်ထားကျေးရွာ၊ အမကကျောင်းဝန်းအတွင်းသို့ စိစစ်ဆဲ အကြမ်းဖက် PDF တစ်ဦးက လက်နက်ကိုက်ဆောင်ပြီး ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများအား ကျောင်းမဖွင့်ရန် ပြောဆိုခြမ်းခြောက်ကာ ဆိုင်ကယ်တစ်စီးကို ယူဆောင်သွား

သြဂုတ် ၈

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊နတ်ထားကျေးရွာ၊ အမက ကျောင်းဝင်းအတွင်းသို့ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က သေနတ်ကိုင်ဆောင်ထားသည့် အသက် ၂၅နှစ် အရွယ်ခန့်ရှိ စိစစ်ဆဲ အကြမ်းဖက် PDF တစ်ဦးရောက်ရှိလာပြီး ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများအား ကျောင်းမဖွင့်ရန် ပြောထားလျက်နှင့် ကျောင်းဖွင့်သည့်အတွက် သတ်လို့ရကြောင်း လက်နက်ပြ ခြမ်းခြောက်သွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အကြမ်းဖက်သမား PDF တစ်ဦးက ”ဆိုင်ကယ်ရှိနေရင် ကျောင်းတက်နေအုံးမှာဘဲ ” ဟု ပြောဆိုကာ ဆိုင်ကယ်တစ်စီးကို ယူဆောင်
သွားကြောင်း၊ ကျောင်းအတွင်းမှ အထွက်တွင် ကျောင်းသား/သူ များအား လက် ၃ ချောင်းထောင်ခိုင်းပြီး အရေးတော်ပုံ အောင်ရမည်ဟု ကြွေးကြော်ခိုင်းကြောင်း သိရသည်။

      ထိုကဲ့သို့ အကြမ်းဖက်သမား PDF က ကျောင်းဆက်လက်ဖွင့်နေမည်ဆိုပါက သတ်ပစ်မည်ဟု လက်နက်ကိုင် ခြိမ်းခြောက်ပြောဆိုမှုကြောင့် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက စိုးရိမ်ကြောက်ရွံ့ကာ ကျောင်းအားပိတ်ထားလိုက်ရကြောင်း သတင်းရရှိပါသည်။

#PAN