မက်ဂွဲယားကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းမှ ထပ်မံကမ်းလှမ်း

Photo: Sky sport

ဩဂုတ် ၈

    ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်လက်ရွေးစင် နဲ့ မန်ယူအသင်းရဲ့ ဗဟိုခံစစ်မှူးကြီး ဟယ်ရီ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)နဲ့ ထပ်မံကမ်းလှမ်းလိုက်ပါတယ်။

    မက်ဂွဲယားကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၂၀)နဲ့ ကမ်းလှမ်းထားခဲ့သော်လည်း ဒီကမ်းလှမ်းချက်ကို မန်ယူအသင်းဘက်က ပယ်ချခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ထပ် (၁၀) သန်း တိုးပေးပြီး ထပ်မံ ကမ်းလှမ်းမှုအား ဖာဘရီဇီယို ရိုမာနိုက တွစ်တာမှာ ဖော်ပြထားပါတယ်။

    အသက် ၃၀ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် ဗဟိုခံစစ်မှူးကြီး မက်ဂွဲယားဟာ ၂၀၁၉ ခုနှစ်က လက်စတာစီးတီး မှ မန်ယူအသင်းသို့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၈၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာလဲဖြစ်ပါတယ်။