ဘုတလင်မြိို့နယ် မီးသတ်ဌာနဦးစီးမှူးနဲ့ ဝန်ထမ်းများအပါအဝင် အရပ်သား ၁၈ ဦးကို အကြမ်း ဖက် PDF များက ဖမ်းဆီးခေါ်ဆောင်သွား

သြဂုတ် ၈

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မီးသတ်ဦးစီးဌာနရုံးကို PDF အမည့်ခံ လူသတ်အ​​ကြမ်းဖက်သမားများက ယမန်နေ့  မွန်းလွဲ ၃ နာရီခန့်အချိန်တွင် ဝင်ရောက်ပြီး မီးသတ်ဌာနဦးစီးမှူး၊ လက်ထောက်ဦးစီးနှင့် ဝန်ထမ်းများအပါအဝင် အရပ်သား ၁၈ ဦးကို မီးသတ်ကား နှစ်စီးနှင့်အတူ
လက်နက်အားကိုးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

      အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ဦးကျော်စိုးပိုင်၊ မီးသတ်ဦးစီးမှုး၊ ဦးစိုးမြတ်မင်း လ/ထ မီးသတ်ဦးစီးမှူး၊ ဦးစိုးသူဝင်း(တပ်ကြပ်ကြီး)၊ဦးရန်မျိုးနိုင်(တပ်ကြပ်ကြီး)၊ ဦးမြင့်နိုင်ထွန်း (တပ်ကြပ်ကြီး)၊ ဦးခင်စောဦး(တပ်ကြပ်ကြီး)၊ ဦးကျော်စန်းဝင်း(တပ်ကြပ်ကြီး)၊ ဦးဟိန်းထက်စိုး (တပ်ကြပ်ကြီး)၊ ဦးအောင်သူဌေး(တပ်ကြပ်ကြီး)၊
ဦးဇော်ဝင်းမြင့်(တပ်ကြပ်)၊ ဦးဝင်းမင်းထွေး(ဒုတပ်ကြပ်)၊ ဦးဆယ်ဟိန်း(ပညာရေး လ/ထ Non CDM)၊ ဦးချစ်ဆွေ(အရပ်သား)၊ ဒေါ်မြင့်မြင့်အေး(ဦးကျော်စိုးပိုင် မီးသတ်ဦးစီး၏ ဇနီး)၊ မအေးစန္ဒာထွန်း(ရန်မျိုးနိုင်၏ ဇနီး)၊ ကိုဝင်းမင်းထွေး၏ ဇနီး(အမည်စိစစ်ဆဲ)၊ မမြင့်မြင့်လင်း(ဦးဇော်ဝင်းမြင့်၏ ဇနီး)၊ ဦးတင်ထွန်းလင်း( ၂၀ နှစ်၊ Non CDM၊ စည်ပင်ဝန်ထမ်း)၊ မောင်နေရှင်းသန့် (၁၀ နှစ်၊(ဘ)ဦးကျော်စွာထွန်း၊ မစုရီမွန်( ၇ နှစ် ၊(ဘ) ဦးဇော်ဝင်းမြင့်၊ မောင်ထက်ဝေယံ(၂ နှစ်၊(ဘ) ဦးဇော်ဝင်းမြင့် တို့ဖြစ်ကြသည်။

     အဆိုပါ ဖမ်းဆီးခံထားရသော ဝန်ထမ်းများနှင့်မိသားစုများကို လူ့အခွင့်အရေးနှင့်အညီထားရှိကြောင်း၊ ၎င်းတို့နှင့် သက်ဆိုင်သော မိသားစုများနှင့် ဖုန်းဖြင့်ဆက်သွယ်ခွင့်ပေးထားကြောင်း သိရသည်။

      အဆိုပါ လက်နက်မဲ့ ဝန်ထမ်းများနှင့် အရပ် သား​​ပြည်သူများကို သေနတ်ဖြင့် ခြိမ်းခြောက်ဖမ်းဆီးမှုကို ဘုတလင်မြို့နယ် PDFအမည်ခံ အကြမ်းဖက်အုပ်စုနှင့် ဒေသတွင်းရှိ အခြားအကြမ်းဖက်အုပ်စုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#PAN