ပီအက်စ်ဂျီအသင်းက ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူကြောင်း အတည်ပြု

ဩဂုတ် ၈

    ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို တစ်ရာသီ အငှား + ယူရို သန်း(၈၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

    ရာမို့စ်က ပီအက်စ်ဂျီမှာ ကျောနံပါတ် (၉)ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။

    ပီအက်စ်ဂျီအသင်းက ဂွန်ဆာလို ရာမို့စ် (၂၂ နှစ်)ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်ချိန်တွင် အပြီးသတ်စာချုပ်ချုပ်ဆိုသွားမည်ဟု သိရပါတယ်။

Photo: PSG