“အမေရိကန် နိုင်ငံ က ၎င်းတို့နိုင်ငံအတွင်းရှိ နည်းပညာမြင့်စက်မှုလုပ်ငန်းများအတွက် အလွန် အရေးပါသော ရှားပါး မြေဒြပ်စင်များကို မွန်ဂိုလီးယား နိုင်ငံမှ ဝယ်ယူမှုများ ပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၇

မွန်ဂိုလီးယားဝန်ကြီးချုပ် Oyuun-Erdene က ၎င်း၏ အမေရိကန်နိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံအတွင်း ရှားပါး မြေဒြပ်စင် များကိုတူး ဖော်ရာတွင် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အားကောင်းလာစေရန် ရည်ရွယ်ချက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

သို့သော်လည်း မွန်ဂိုလီးယားနိုင်ငံသည် ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား နယ်နိမိတ်ချင်း ထိစပ်နေပြီး ၎င်းတို့နိုင်ငံ၏ ပထဝီဝင် တည်နေရာများကြောင့် သိသာ ထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်သည်။

မွန်ဂိုလီးယား – အမေရိကန် နှစ်နိုင်ငံ အပြုသဘောဆောင်သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် အမေရိကန်ပြည်ထောင်စုထံ ရှားပါး မြေဒြပ်စင်များ ထောက်ပံ့မှုများကို မွန်ဂိုလီးယားနိုင်ငံက ပြုလုပ်သွား ဖွယ်ရှိနေပါတယ်။

သို့သော် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် မွန်ဂိုလီးယားနှင့် ရှားပါး သတ္တုများ ကုန်သွယ်ရေး အတွက် စေ့စပ်ညှိနှိုင်း ရေးများသည် တရုတ်နိုင်ငံ ၏ အမေရိကန်နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ထင်ရှားသော သက်ရောက်မှုများရှိလာနိုင် ကြောင်း လည်း သတင်းဌာနများ ကဖော်ပြ ပြောဆို နေကြပါတယ်။

ထို့ကြောင့် အမေရိကန်နိုင်ငံ သည် ၎င်းတို့နိုင်ငံ၏ နည်းပညာ မြင့်စက်မှု လုပ်ငန်းများအတွက် အရေးပါသော ရှားပါး မြေဒြပ်စင်များကို ရောင်းချနိုင်သူများကို တက်ကြွစွာရှာဖွေနေတာလည်းဖြစ်ပါတယ်။