ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေများဝင်ရောက်မှုကြောင့် စာသင် ကျောင်း ၄၁ ကျောင်း ယာယီပိတ်ထားရ

သြဂုတ် ၇

        ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် သြဂုတ် ၁ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရှိ စာသင်ကျောင်းများ သြဂုတ် ၂ ရက်မှစ၍ ယနေ့နံနက်အထိ စာသင်ကျောင်း ၄၁ ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

      ယာယီပိတ်ထားသော စာသင်ကျောင်းများမှာ ကော့ကရိတ်မြို့ပေါ်တွင် ၄ ကျောင်း၊ ကျုံဒိုးမမြို့ပေါ်တွင် ၄ ကျောင်းနှင့် ကျေးရွာများတွင် စာသင် ကျောင်း ၃၃ ကျောင်းတို့ဖြစ်ကြောင်း၊ အဆိုပါစာသင်ကျောင်းများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူ ၄၀၆၇ ဦးရှိပြီး ပညာသင်ကြားမှု နှောင့်နှေးမှုမရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN