သံလွင်မြစ်ရေသည် တောင်ကျရေနှင့် အဆက် မပြတ်ရွာသွန်းသောမိုးရေကြောင့် ဘားအံမြို့၏ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိ၊ ရေဘေးကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ရေဘေးသင့်ပြည်သူများကိုခေတ္တနေရာချထား

သြဂုတ် ၆

   ကရင်ပြည်နယ်၊ ဘားအံမြို့အနီး သံလွင်မြစ်ရေသည် တောင်ကျရေနှင့် အဆက်မပြတ်ရွာသွန်းသောမိုးရေကြောင့် ဘားအံမြို့၏စိုးရိမ်ရေအမှတ် ၇၅၀ cm အထက် ၈၂ ၀ cm သို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းနားနှင့်အနီးနေထိုင်သူ ပြည်သူများရေဘေးသင့်ကာ ကယ်ဆယ်ရေးစခန်းများသို့
ခေတ္တနေရာချထားခဲ့ရကြောင်း သိရပါသည်။

        ရေဘေးကယ်ဆယ်ရေးစခန်းများကို ၅ နေရာခွဲ၍ ဘေးလွတ်ရာနေရာများတွင် ဖွင့်လှစ်ပြီး ရွှေ့ပြောင်းထားရှိကြောင်း၊ အဆိုပါ ကယ် ဆယ်ရေးစခန်း ၅ နေရာတွင် အိမ်ထောင်စု ၃၄၄ စု၊ ကျား ၇၈၇ ဦး၊ မ ၈၅၃ ဦး၊ စုစုပေါင်း ၁၆၄၀ ဦးရှိကြောင်း သိရပါသည်။

      ရေဘေးသင့်ပြည်သူများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ဘာသာပေါင်းစုံအသင်းမှ ဥက္ကဌဦးမြတ်စိုးနှင့် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောမြင့်ဝင်းအောင်တို့က စားသောက်ဖွယ်ရာများပေး အပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

#PAN