ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် အကြမ်းဖက်သောင်းကျန်း သူများက ဖောက်ခွဲမှုပြုလုပ်ခြင်း၊ ပစ်ခတ်သတ် ဖြတ်ခြင်းစသည့် အကြမ်းဖက်များပြုလုပ်

သြဂုတ် ၆

   ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၆)ရပ်ကွက် နယ်မြေ(၁)၊ သိန်းထိုက်ရုပ်ရှင်ရုံ နောက်ကျောရှိ Sunny တည်းခိုခန်းဝန်းအတွင်း မြေအောက် ဆိုင်ကယ်ရပ်နားသည့်နေရာတွင် ဆိုင်ကယ်အမျိုးအစားစိစစ်ဆဲ ကိုအသုံးပြု၍ အဝေးထိမ်းခလုပ်ဖြင့် အကြမ်းဖက် ဖောက်ခွဲမှု့ဖြစ်ခဲ့ကြောင်း သိရသည်။

      အဆိုပါပေါက်ကွဲမှု့ကြောင့် ဆိုင်ကယ်ရပ်နားသည့်နေရာတွင် တာဝန်ကျ အစောင့်ဝန်ထမ်းတစ်ဦး မစိုးရိမ်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆိုင်ကယ် ၈ စီးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မည်သည့်အကြမ်းဖက်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သိရှိရပါသည်။

      အလားတူ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ် ချုပ်ရေးရုံးအတွင်းတွင် အစည်းအဝေးပြုလုပ်နေစဉ် အကြမ်းဖက်အဖွဲ့ စိစစ်ဆဲမှ ဝင်ရောက်ပစ် ခတ်ခဲ့သည့်အတွက် နမ္မတူမြို့နယ် လျှပ်စစ်ရုံးဝန်ထမ်း တစ်ဦးနှင့် ကျောက်မဲမြို့ စည်ပင်သာယာရုံးဝန်ထမ်း တစ်ဦးစုစုပေါင်း ၂ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN