ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမိုင်တိုငမအမှတ် (၃၀၂/ ၃-၄)ဖာလုံကြားတွင်၊ယာဉ်မတော်တဆမှုဖြစ်ပွား

သြဂုတ် ၆

        ယနေ့ မွန်းလွဲ ၃ နာရီခွဲချိန်ခန့်တွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၃၀၂/ ၃-၄)ဖာလုံကြားတွင်၊ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့သည်။

       ဖြစ်စဉ်မှာ နေပြည်တော်ဘက် မှ မန္တလေးဘက်သို့ မောင်းနှင်လာသောTOYOTA CAMRY အမျိုးစား(ခဲရောင်)ယာဉ်သည် နောက်ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလည်ကျွန်းပေါ်သို့ ကျော်တက်ကာ တစ်ဖက်ယာဥ် ကြောပေါ်သို့ရောက်ရှိရပ်တန့်သွားခဲ့သည်။ 

       ယာဥ်တိုက်မှုကြောင့်၊ယာဥ်ပေါ်တွင်၊ယာဥ်မောင်းအပါကျား(၂)ဦး၊မ(၂)ဦး၊ပေါင်း(၄)ဦးတို့မှာ ထိခိုက်ဒဏ်ရာများအသီးသီးရာရရှိသဖြင့်၊EMS 192လူနာတင်ယာဥ်ဖြင့်၊မိတ္ထီလာပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။

photo-မီးသတ်တပ်ဖွဲ့

#PAN