နွားထိုးကြီးမြို့နယ်တွင် သာမန်ပြည်သူ တစ်ဦးကိုအကြမ်းဖက်သမား PDF နှစ်ဦးက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၅

     မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊သူစိုးကျေးရွာအနီး၌ သာမန်ပြည်သူတစ်ဦးဖြစ်သော ဒေါ်ခင်အေးတင့်(ခ)မငယ်၊၄၉နှစ်၊(ဘ)ဦးကျော်ရင်၊သူစိုးကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူကို အမည်မသိ လူသတ်အကြမ်းဖက်သမား PDF ၂ ဦးက ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြန်ခဲ့ကြောင်း သိရသည်။

       ထိုသို့သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ခင်အေးတင့်(ခ)မငယ် တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-မျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊မေးစေ့အောက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲဘက်လက်မ ရှပ်ထိဒဏ်ရာ ၁ချက်၊ယာဘက်လက်ကောက်ဝတ် ဖောက်ဝင်/ ဖောက်ထွက်ဒဏ်ရာ ၂ချက်တို့ဖြင့်
အခင်းဖြစ်နေရာတွင် လဲကျသေဆုံးခဲ့ပြီး အခင်း ဖြစ်နေရာအနီးမှ THAI ARMS ကျည်ခွံ ၁ခု၊ကျည်ဘောက် ၁ခု သိမ်းဆည်းရမိခဲ့ပြီး ကျည်ဘောက်အတွင်းမှ THAI ARMS ကျည် ၇တောင့်၊LUGER ကျည် ၂တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      ဖြစ်စဥ်အား စုံစမ်းမေးမြန်းရာ သေဆုံးသူသည် တစ်ရွာတည်းနေ ဦးသူရိန်ဝင်း၊၃၅နှစ်၊(ဘ)ဦးသန်းဝင်း၊သူစိုးကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူ၏ နေအိမ်တွင်ဖွင့်လှစ်ထားသော ချိုဇင်လတ် ကုန်မျိုးစုံနှင့်စတိုးဆိုင်သို့ MDY-73W/61291၊Canda ဆိုင်ကယ်(ခန့်မှန်းတန်ဘိုး ၅သိန်းကျပ်)ဖြင့် ဖုန်းဘေလ် ဝယ်ရန် ရောက်ရှိနေစဥ် အမည်မသိ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ စျေးဆိုင်အတွင်း ဝင်ရောက်၍ ဒေါ်ခင်အေးတင့်(ခ)မငယ်အား သေနတ်ဖြင့်ပစ်သတ်ကာ သေဆုံးသူ၏ဆိုင်ကယ်အား ယူဆောင်ပြီး မြင်းခြံမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ မည်သည့်အကြောင်းကြောင့် ယခုလိုသတ်ဖြတ်ခြင်းဖြစ် သည်ကို မသိရှိရသေးကြောင်း သေဆုံးသူ၏ သားဖြစ်သူ မောင်သုနန္ဒ၊၁၈နှစ်၊(ဘ)ဦးကျော်ဝေဖြိုးလွင်၏ ပြောပြချက်အရ သိရပါသည်။

#PAN

သြဂုတ် ၅      မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊သူစိုးကျေးရွာအနီး၌ သာမန်ပြည်သူတစ်ဦးဖြစ်သော ဒေါ်ခင်အေးတင့်(ခ)မငယ်၊၄၉နှစ်၊(ဘ)ဦးကျော်ရင်၊သူစိုးကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူကို အမည်မသိ လူသတ်အကြမ်းဖက်သမား PDF ၂ ဦးက ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြန်ခဲ့ကြောင်း သိရသည်။        ထိုသို့သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ခင်အေးတင့်(ခ)မငယ် တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-မျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊မေးစေ့အောက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲဘက်လက်မ ရှပ်ထိဒဏ်ရာ ၁ချက်၊ယာဘက်လက်ကောက်ဝတ် ဖောက်ဝင်/ ဖောက်ထွက်ဒဏ်ရာ ၂ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် လဲကျသေဆုံးခဲ့ပြီး အခင်း ဖြစ်နေရာအနီးမှ THAI ARMS ကျည်ခွံ ၁ခု၊ကျည်ဘောက် ၁ခု သိမ်းဆည်းရမိခဲ့ပြီး ကျည်ဘောက်အတွင်းမှ THAI ARMS ကျည် ၇တောင့်၊LUGER ကျည် ၂တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။       ဖြစ်စဥ်အား စုံစမ်းမေးမြန်းရာ သေဆုံးသူသည် တစ်ရွာတည်းနေ ဦးသူရိန်ဝင်း၊၃၅နှစ်၊(ဘ)ဦးသန်းဝင်း၊သူစိုးကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူ၏ နေအိမ်တွင်ဖွင့်လှစ်ထားသော ချိုဇင်လတ် ကုန်မျိုးစုံနှင့်စတိုးဆိုင်သို့ MDY-73W/61291၊Canda ဆိုင်ကယ်(ခန့်မှန်းတန်ဘိုး ၅သိန်းကျပ်)ဖြင့် ဖုန်းဘေလ် ဝယ်ရန် ရောက်ရှိနေစဥ် အမည်မသိ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ စျေးဆိုင်အတွင်း ဝင်ရောက်၍ ဒေါ်ခင်အေးတင့်(ခ)မငယ်အား သေနတ်ဖြင့်ပစ်သတ်ကာ သေဆုံးသူ၏ဆိုင်ကယ်အား ယူဆောင်ပြီး မြင်းခြံမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ မည်သည့်အကြောင်းကြောင့် ယခုလိုသတ်ဖြတ်ခြင်းဖြစ် သည်ကို မသိရှိရသေးကြောင်း သေဆုံးသူ၏ သားဖြစ်သူ မောင်သုနန္ဒ၊၁၈နှစ်၊(ဘ)ဦးကျော်ဝေဖြိုးလွင်၏ ပြောပြချက်အရ သိရပါသည်။