ကျောက်ကြီးမြို့နယ်တွင် လပတ်ကျေးရွာကိုအကြမ်းဖက်သောင်းကျန်းသူများက Drop Bomb များ ပစ်ချတိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ

သြဂုတ် ၅

     ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှ ၂မိုင်ခွဲခန့်အကွာ  မအူပင်ဆိပ်အုပ်စု၊ လပတ်ကျေးရွာတွင်  ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင်အကြမ်းဖက်သောင်းကျန်းသူများက Drone ဖြင့် Drop Bomb ၁လုံးပစ်ချခဲ့ရာ အဆိုပါရွာရှိ ဦးမြင့်အောင်အိမ်နှင့် နွားတင်းကုတ်ကြားတွင် ကျ ရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်ခင်စန်းမြိုင်၊၃၅နှစ်၊ (ဘ)ဦးဝင်းညွှန့်၊ လပတ်ရွာ​နေသူတွင် ခြေသလုံးမှန်(မစိုးရိမ်ရ)၊ ဒေါ်မူ၊ ၄၀ နှစ်၊(ဘ)ဦးအောင်ထွန်း၊လပတ်ရွာနေသူတွင် နားထင်ရှပ်မှန် (မစိုးရိမ်ရ)၊ ဒေါ်အေးပု၊ ၄၁ နှစ်၊ (ဘ)ဦးကြည်၊ လပတ်ရွာနေသူတွင် ညာဘက်ခါးဘေးရှပ်မှန် (မစိုးရိမ်ရ) ဒဏ် ရာ အသီးသီးရရှိခဲ့သည်။

       အလားတူ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ထပ်မံ၍ အကြမ်းဖက်သမားများက Drop Bomb ၁လုံး ပစ်ချခဲ့ရာ လပတ်ကျေးရွာ၊ ရွာဦးဘုန်းကြီး ကျောင်း ခေါင်းရင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများရှိသော် လည်း ထိခိုက်ဒဏ်ရာသူ စာရင်းကို မသိရှိရသေးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ကျောက် ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် လက် နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပ ဒေ(ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်လျှက်ရှိကြောင်း သိရှိရသည်။

#PAN