ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာအနီး ကွင်းချောင်းအား ဖြတ်သန်းဖောက်လုပ်ထားသော သံကူကွန်ကရစ်တံတားကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဖောက် ခွဲဖျက်ဆီး

သြဂုတ် ၄

     ယနေ့ နံနက်၂ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာအနီး၊ ကျောက်တံခါးမြို့နယ်နှင့် ဖြူးမြို့နယ်နှစ်ခုအားဆက်သွယ်ထားသော ကွင်းချောင်းအား ဖြတ်သန်းဖောက်လုပ်ထားသော သံကူကွန်ကရစ်တံတားကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဖြူးမြို့ နယ်ဘက်ခြမ်းအား တံတားပေ ၄၀ ခန့်ပျက်ဆီးသွားခဲ့ကြောင်း သိရပါသည်။

        အဆိုပါတံတားမှာ ၂၀၁၄  ခုနှစ်တွင်တည် ဆောက်ခဲ့သောတံတားဖြစ်ပြီး ဒေသခံ အလှူရှင်များစုပေါင်းမတည်ကာ ကျေးရွာသူ/ရွာသားများမှစုပေါင်းလှူဒါန်းထားသည့် အရှည်ပေ ၁၆၀ ခန့်၊ အကျယ် ၁၂ ပေခန့်ရှိ သံကူကွန်ကရစ်သံတားဖြစ်သည်။

     အဆိုပါတံတားသည် ဒေသခံတောင်သူများ ကျောင်းသား/ ကျောင်းသူ နေ့စဥ်အဓိကအားထားအသုံးပြုနေသောလမ်းဖြစ်ပြီး ယခုအခါ ဒေသခံပြည်သူအများ လုံးဝသွားလာ၍မရတော့သဖြင့် များစွာအခက်တွေ့နေရကြောင်း၊ တံတားအားဆက်သွယ်ဖောက်လုပ်ထားသော ကွင်းချောင်းမှာ ရေစီးအလွန်သန်သောချောင်းဖြစ်ပြီး တံတားမရှိပါက ဒေသခံပြည်သူများ ကူးသန်းသွားလာမှုခက်ခဲသွားကြောင်း သိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပဲခူးတိုင်းဒေသကြီး ရှေ့ခြမ်းရှိ စေတီပုထိုးများအားဒရုန်းဖြင့်တိုက်ခိုက်ခြင်း ၊ လျှပ်စစ်တာဝါတိုင်များ ၊ဓာတ်အားပေးစက်ရုံများအား ဗုံးခွဲတိုက်ခိုက်ခြင်း ၊ အဓိကလမ်း/တံတားများအား မ​ကြာခဏဖောက်ခွဲခြင်း၊ အုပ်ချုပ်ရေးမှူးများ၊ပြည်ခိုင်ဖြိုးပါတီဝင်များ၊ Non CDM ဝန်ထမ်းများကို သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို အဆက်မပြတ်ပြုနေကြကြောင်း သတင်းရရှိပါသည်။

#PAN