ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူများ ခိုအောင်းနေကြောင်း တာဝန်သိ ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF စခန်းကို သိမ်းပိုက်ရရှိ

သြဂုတ် ၄

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဗျင်းရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေကြောင်း ၎င်းတို့ကို မလိုလားသော တာဝန်သိ ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ကွန်မြူနစ် အကြမ်းဖက် PDF စခန်းကို တွေ့ရှိပြီး ရှင်းလင်း
သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက် PDF များမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

      နယ်မြေခံလုံခြုံရေးပူး ပေါင်းအဖွဲ့က အဆိုပါစခန်းအတွင်း ရှင်းလင်းရာ လက်လုပ် သေနတ် ၃ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ အိုင်ကွန် ၁ လုံး၊ ကီးပက်ဖုန်း ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ပြောက် ကျားယူနီဖောင်း ၂ စုံ၊ ဆိုင်ကယ်မျိုးစုံ ၇ စီး၊ လူ နေတဲ ၂ လုံး တို့အားသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

#PAN