မကွေးတိုင်းဒေသကြီးအတွင်း လူသတ်အကြမ်း ဖက် PDF များက ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်သည့် အကြမ်းဖက်များပြုလုပ်

သြဂုတ် ၃

        ယမန်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် မြိုင်မြို့အနောက်ဖက်ထိပ် ကိုးဆောင်ဂိတ်တွင်လုံခြုံရေးတာဝန်ယူနေသော ပြည်သူ့စစ်အဖွဲ့ဝင် ကိုမျိုးသီဟ(ဘ)ဦးထိန်လင်း သည်မိမိအိမ်ရှိရာ မြို့အတွင်းသို့ ထမင်းစားပြန်လာစဉ်တွင် လမ်း၌ အကြမ်းဖက်သမား PDF များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ရှပ်ထိ(မစိုးရိမ်ရ)ဒဏ်ရာရရှိကြောင်း၊ ၎င်းအနေဖြင့် မြိုင်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိကြောင်းနှင့် အကြမ်း ဖက်သမားများသည် မြိုင်မြို့အတွင်းသို့စိမ့်ဝင်ရောက်ရှိနေကြောင်းသိရပါသည်။

     အလားတူ ထီးလင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိမောချောင်းတဖက်ကမ်း၊အနောက်ဖက်ကျေးရွာရွာသို့ အကြမ်းဖက်သောင်း ကျန်းသူ PDF အင်အား ၃၀ ခန့်က ဆိုင်ကယ်အစီး ၃၀ ခန့်ဖြင့် ရောက်ရှိလာပြီး ရွာဦးကျောင်းဆရာတော် ဦးဝိစိတ္တ၊ ဝါတော် ၂၅ ဝါ၊ သက်တော်၄၅ နှစ်ကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ ဆရာတော်မှာ ထီးလင်းမြို့တွင် ဆွမ်းစားဖိတ်၍ ဆွမ်းစားပြီး ရွာသို့ ပြန်ရောက်ပြီးနောက် မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် ပက်လက်ကုလားထိုင်တွင်ထိုင်နေစဥ် သေ နတ်ဖြစ်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော်မှာ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်းနှင့် ထီးလင်းမြို့နှင့် ဆက်သွယ်မှုပြု လုပ်ခြင်းကြောင့် အကြမ်းဖက်များက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

       အလားတူ နတ်မောက်မြို့နယ်၊ ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှုး ဦးဒေါင်းတင်၊ ၅၃ နှစ်၊ (ဘ)ဦးသန်းမောင်အား ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ဖျောက်ဆိပ်ကုန်းရွာအနောက်ဖက်၊ ကျောက်ပန်းတောင်း – နတ်မောက်လမ်းပေါ်တွင် လူသတ်အကြမ်းဖက် PDF များကသတ်ဖြတ်သွားကြောင်း၊ အဆိုပါသေဆုံးသူ ဦးဒေါင်းတင်မှာ ပြည်ခိုင်ဖြိုးအသင်းလက်ထက်တွင် မြို့နယ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ဘူးကြောင်း သိရပါသည်။

      မကွေးတိုင်းဒေသကြီး နယ်မြေအတွင်း လူ သတ်အကြမ်းဖက် PDF များသည် ယခုလို သံဃာတော်များအပါအဝင် လက်နက်မဲ့အရပ် သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ရာရောက်ကြောင်း သိရှိရပါသည်။

#PAN