ကော့ကရိတ်မြို့နေသူ အရပ်သားပြည်သူ တစ်ဦး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်း ၁ လုံးကို နင်းမိပေါက်ကွဲခဲ့ရာ မစိုးရိမ်ရဒဏ်ရာရ

သြဂုတ် ၃

        ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ခနိမ်းမူကွက်သစ်၊ (၅)လမ်းနေသူ ဦးဇော်ထက် ၊၃၂ နှစ်၊ (ဘ)ဦးဝင်းထွန်း၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်သည် နေအိမ်မှ မျှစ်ချိုးသွားခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဝန်ထမ်းအိမ်ယာ အရှေ့ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဝါးတောသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် အမျိုးအစား(စိစစ်ဆဲ)မိုင်း ၁ လုံးကို နင်းမိပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

      ထိုသို့ မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ဦးဇော်ထက် ထံ၌ ဝဲခြေဖနှောင့် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေချောင်း စုတ်ပြဲဒဏ်ရာ၊  ဝဲခြေမျက်စေ့ဘေး ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူး/ပေါင် ပေါက်ပြဲဒဏ်ရာနှင့် ယာခြေသလုံးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ပြီး  တဆရ(၂/၁၀၀)သို့ ဆက်လက်ပို့ဆောင်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN