“ကာဇက်စတန်နိုင်ငံ Alatau ပြည်နယ်အတွင်းရှိ လူနေ အဆောက်အအုံကြီး တစ်ခု မီးလောင်မှုကြောင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရပြီး လူ ၄၃ ဦး ဒဏ်ရာရရှိခဲ့”

သြဂုတ် ၃

ကာဇက်စတန်နိုင်ငံ အယ်လ်မာတီပြည်နယ်တွင် ပြီးခဲ့သည့် အင်္ဂါနေ့ သြဂုတ် ၁ ရက်နေ့က ၁၆ ထပ်တိုက် လူနေအဆောက်အအုံကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ အဆောက်အအုံတွင် နေထိုင်သည့် အမျိုးသမီး၁ ဦး သေဆုံးကာ လူ ၄၃ ဦး ထိ ဒဏ်ရာများ ရရှိခဲ့ကြောင်း အယ်လ်မာတီမြို့တော် ကျန်းမာရေးစောင့်ရှောက်မှုဌာနက တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

လူနေထူထပ် ရှုပ်ထွေးသော Alatau ခရိုင် ရှိ အဆောက်အအုံ ပဉ္စမထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လျင်မြန်စွာမီး အရှိန်ပြင်းလာကာ အဆိုပါ ၁၆ ထပ် အဆောက်အအုံကို မီးလောင်ကျွမ်းမှုအဖြစ် ပြောင်းလဲကာ အဆောက်အအုံတွင် နေထိုင်သူလူ ၃၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေ ခဲ့ရကြောင်း လည်း ဖော်ပြပြောဆိုထားပါတယ်။

သတင်းဗီဒီယို ဖိုင်တွင် မီးလောင်နေသော အဆောက်အအုံတစ်ခုမှ မိခင်ဖြစ်သူက သားသမီးများကို ဘေးလွတ်ရာပစ်ချခြင်းများနှင့် ဘေးလွတ်ရာသို့ ခုန်ချသွားသည်ကို အိမ်နီးချင်းများက ကူညီနိုင်ရန် မွေ့ယာများကို အသုံးပြုခဲ့ကြရသည့် သတင်းဗီဒီယိုကို ပြသထားတယ်။