မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် လုံခြုံ ရေးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ရန်စောင့်နေသည့် အကြမ်းဖက်သောင်းကျန်းသူ PDFများကို ပစ်ခတ်ဖမ်းဆီး

သြဂုတ် ၃

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် ယမန်နေ့က လုံခြုံ ရေးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ရန်စောင့်နေသည့် အကြမ်းဖက်သောင်းကျန်းသူ PDFများကို လုံခြုံရေးအဖွဲ့က ဦးစွာတွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

       ထိုသို့ လက်ဦးမှုယူ ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သောင်းကျန်းသူ PDF ၁ ဦးကို လက်လုပ်ပစ္စတို ၁ လက်၊ ၉ မမကျည် ၂ တောင့်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ M-22 ကျည် ၁၇ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN