“ပါရှန်ပင်လယ်ကွေ့ နှင့် အဆိုပါနယ်နိမိတ် အကွာအဝေးများတွင် အမေရိကန် တိုက်လေယာဥ်များ၊ စစ်သင်္ဘောကြီးများနှင့် အမေရိကန် မရိန်းတပ်သား ထောင်ပေါင်းများစွာ တို့၏ ကျူးကျော်ဝင်ရောက်လာမှုများ ပိုမိုအားကောင်းလာနေ”

သြဂုတ် ၂

ဂျက်တိုက်လေယာဉ်များ၊စစ်သင်္ဘောများ နှင့်အတူ အမေရိကန် မရိန်းတပ်သား ထောင်ပေါင်းများစွာတို့သည် ပါရှန်ပင်လယ် ကွေ့နှင့် နယ်နိမိတ် အကွာအဝေး အတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုများကို အရှိန်မြှင့် တင် လျက်ရှိပြီး အီရန်နိုင်ငံ အပေါ် ဟန့်တားရန် မျှော်လင့်ချက်ဖြင့် ပါရှန်ပင်လယ်ကွေ့အတွင်း ကျူးကျော်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

မဟာဗျူဟာမြောက် ရေလမ်းကြောင်းတွင် နိုင်ငံခြားစစ်တပ်များ တည်ရှိ နေပြီ လည်းဖြစ်ပါတယ်။

ပါရှန်ပင်လယ်ကွေ့တွင် အမေရိကန်တပ်များနှင့် USS Bataan လေယာဉ်တင်သင်္ဘောများ ဖြန့်ကျက်ချထားမှုသည် F-35 ဂျက်တိုက်လေယာဉ်များ၊ အခြား စစ်လေယာဉ်များနှင့်အတူ ပါရှန် ပင်လယ် ကွေ့တွင် ဝါရှင်တန်(အမေရိကန်) ၏ မအောင်မြင်သော စီးပွားရေးနှင့် သံတမန်ရေးရာအရ အီရန်နိုင်ငံ အပေါ် အင်အားသုံးမည့်အစီအမံများ အချက်ပြပြီဖြစ်ပြီး ၎င်း၏ စီးပွားရေး အရင်းအမြစ်အများစုကိုသာ အာရုံစိုက်လိုသည့် အမေရိကန်ဆန္ဒကြောင့် အဆိုပါ ကိစ္စရပ်များ ထွက်ပေါ်လာ ခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ နျူကလီယားလက်နက် ပြိုင်ဘက် တရုတ်နှင့် ရုရှားတို့ဖြစ်ကြောင်း အေပီသတင်းက ယနေ့ အင်္ဂါနေ့တွင် ဖော်ပြထား ပြီးလည်းဖြစ်ပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် USS Carter Hall လေယာဥ် ဆင်းသက်သည့် သင်္ဘောတို့သည် ဗာဂျီးနီးယားရှိ Norfolk ရေတပ်စခန်းမှ ဇူလိုင် ၁၀ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း နှင့် အမေရိကန်စစ်တပ်က “ရေလက်ကြားတွင် လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေး စီးဆင်းမှုကို ခြိမ်းခြောက်ရန် အီရန်၏ မကြာသေးမီက ကြိုးပမ်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်က Hormuz နှင့် ၎င်း၏ပတ်ဝန်းကျင် ရေပြင်များ” လို့ဖော်ပြထားပြီး အီရန်နိုင်ငံ ရေပိုင်နက်နှင့် အလွန်နီးကပ် နေတာ လည်းဖြစ်ပါတယ်။