“တရုတ်နိုင်ငံအတွင်း Doksuri မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုများဖြစ်ပွားပြီးနောက် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ”

သြဂုတ် ၂

တရုတ်နိုင်ငံ Zhuozhou တွင် တိုင်ဖွန်း ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က Doksuri မုန်တိုင်းတိုက်ခတ်ပြီးနောက် လူထောင် ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လမ်းမများ ရေလျှံကာ မြို့တွင်း နစ်မြုပ်မှုများဖြစ်ပွားခဲ့ရပါတယ်။

တိုက်ဖွန်းမုန်တိုင်း Doksuri ကြောင့် ဖိလစ်ပိုင်နိုင်ငံ နှင့် ထိုင်ဝမ်နိုင်ငံ တို့တွင် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပြီးနောက် တိုင်ဖွန်း မုန်တိုင်း အကြွင်းအကျန်များသည် တရုတ်နိုင်ငံ၏ မြို့တော်ကိုပြီးခဲ့သည့် တနင်္လာနေ့က ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထောင်နှင့်ချီသော လူများကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့သည် ယခုနှစ်အတွင်း မိုးရွာသွန်းမှု အပြင်းထန်ဆုံးအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး မြို့တော်နှင့် အနီးတစ်ဝိုက် ဒေသများတွင် မြစ်ချောင်းများ ရေများခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရွှံ့မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း အာဏာပိုင်များက သတိပေး ထားပြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် စနေနေ့ည နှင့် တနင်္လာ နေ့ မွန်းတည့်ကြားတွင် ပေကျင်းမြို့၌ မိုးရေ ၁၇၀.၉ မီလီမီတာ (၆.၇၃ လက်မ) ခန့် ရွာသွန်းခဲ့ပြီး ရေလွှမ်း မိုးမှုများဖြစ်ပေါ် ခဲ့ကြောင်း ပေကျင်း မိုးလေဝသဗျူရိုက ပြောကြားထား တာလည်း ဖြစ်ပါတယ်။

အဆိုပါ မိုးရွာသွန်းမှုများသည် ဇူလိုင်လ တစ်လလုံးအတွက် မိုးရွာသွန်းမှု ပမာဏ ဖြစ်ကြောင်း တရားဝင် မှတ်တမ်းများအရ သိရတယ်လို့ သတင်းဌာန များက ဖော်ပြ ပြောဆိုထားကြပါတယ်။