“အိန္ဒိယနိုင်ငံအတွင်း အမြန်လမ်း ဆောက်လုပ် ရေးလုပ်ငန်းတွင် လုပ်ငန်းသုံး ကရိန်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၇ဦး သေဆုံး မှုဖြစ်ပွားခဲ့”

သြဂုတ် ၁

အိန္ဒိယနိုင်ငံ Maharashtraပြည်နယ်အတွင်းရှိ အမြန်လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် တနင်္လာနေ့ ညနှောင်းပိုင်းအချိန်က ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းပြို ကျမှုဖြစ်ပွားခဲ့သော ကြောင့် အလုပ်သမား ၁၇ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် ၅ဦးသည် အဆိုပါ အပျက်အစီးများအောက်တွင် ပိတ်မိနေမည်ကို စိုးရိမ်နေကြပြီး အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်တုံ့ပြန်ရေးများဆောင်ရွက်နေကြောင်း အိန္ဒိယ သတင်းဌာနANIက ဖော်ပြ ပြောဆိုထားပါတယ်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ပြိုကျ မှုများကြောင့် အနည်းဆုံး အလုပ်သမား ၁၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က လည်း အတည်ပြု ပြောကြားထားပါတယ်။​