ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာတရားရုံးများက ပြစ်မှုထင် ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် အချို့ကို လွတ်ငြိမ်း သက်သာခွင့်ပြု

သြဂုတ် ၁

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ဦးဝင်းမြင့်အပေါ် သက် ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/ ၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ် ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၅ ရက်(၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်) ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေ ညာခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN