အောင်မြေသာစံမြို့နယ်ဘဒေါနဘွားရပ်ကွက်၊ ၁၄လမ်းဘေးတွင် ဒေသန္တရ လက်လုပ်စိန်ပြောင်း တစ်လက်နှင့် မပေါက်ကွဲသေးသော လက်လုပ်ဗုံးသီး တစ်လုံးတို့တွေ့ရှိ သိမ်းဆည်းရမိ

သြဂုတ် ၁

       ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း၊ ၆၄×၆၆လမ်း ကြားရှိ ကန္တာရပင်ခြေရင်းတွင် ဒေသန္တရ လက်လုပ်စိန်ပြောင်း တစ်လက် တွေ့ရှိကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ အဆိုပါလမ်း၏ မြောက်ဘက်ဘေးတွင် ဒေသန္တရလက်လုပ်စိန်ပြောင်း တစ်လက်နှင့် ၎င်း၏အနောက်ဘက် ပေ ၁၀၀ခန့် အကွာတွင် ဒေသန္တရလက်လုပ်ဗုံးသီး တစ်လုံးတို့တွေ့ရှိရပါသည်။

     ” အကြမ်းဖက် PDF အဖွဲ့ က ပစ်သွားတာဖြစ်မယ်၊ လက်လုပ် စိန်ပြောင်းနဲ့ လက်လုပ်ဗုံးဆိုတော့ မအောင်မြင်ဘူးပေါ့၊ ကံကောင်းတာက မပေါက်ကွဲလို့ပေါ့၊ ပေါက်ကွဲရင် ပြည်သူတွေသေကြအုံးမယ်၊ နည်းပညာမရှိဘဲ ရမ်းလုပ်ထားတော့ အန္တရာယ်ရှိတာပေါ့” ဟု အဆို​ပါရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောပြလာပါသည်။

       အဆိုပါ လက်လုပ်ဗုံးသီးကို နံနက် ၆နာရီ ၅ မိနစ်အချိန်တွင် နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီ ယာတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့ရောက်ရှိခဲ့ပြီး ဒေသန္တရလက်လုပ်ဗုံးသီးအား စစ်ဆေး၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့်  ဒေသန္တရလက် လုပ်စိန်ပြောင်းအား နယ်မြေခံ လုံခြုံရေးအဖွဲ့ကသိမ်းဆည်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN