ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့၏ အမှုသေးတစ်ချို့မှ လွတ်ခါနီးအမှုတွေကိုလျော့ပေါ့ပေး


ဩဂုတ် ၁
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်တစ်ချို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့အပေါ် PAN မှစိစစ်ခဲ့ရာ လွတ်မြောက်ခါနီး အမှုသေးတစ်ချို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းတွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အနက် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့်အမှုများဖြစ်သည့် ရာဇဝတ်မှုကြီး ၃၅/၂၀၂၁ – ၅၀၅(ခ) – ၂ နှစ် ၊ ရာဇဝတ်မှုကြီး ၃၇/၂၀၂၁ – သဘာဝဘေး – ၃ နှစ် ၊ ရာဇဝတ်မှုကြီး ၇၁/၂၀၂၁ – သဘာဝဘေး – ၃ နှစ်၊ ရာဇဝတ်မှုကြီး ၄၅/၂၀၂၁ – ဆက်သွယ်ရေး – ၁ နှစ် ၊ ရာဇဝတ်မှုကြီး ၃၈/၂၀၂၁ – ဆက်သွယ်ရေး – ၃ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့အထဲက ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာဖြစ်ပြီး သမ္မတ ဦးဝင်းမြင်းအား ရာဇဝတ်မှုကြီး ၃၅/၂၀၂၁ ၅၀၅(ခ) – ၂ နှစ် ၊ရာဇဝတ်မှုကြီး ၃၇/၂၀၂၁ – သဘာဝဘေး – ၂ နှစ် စတဲ့ ပြစ်ဒဏ်ကျခံနေရတဲ့အထဲက ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း တွေ့ရှိရသည်။


ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခဲ့သည့် အမှုပေါင်း ၁၉ မှု ထောင်ဒဏ် ၃၃ နှစ်အနက်မှ ၆နှစ် နှင့်ဦးဝင်းမြင့်ကျူးလွန်ခဲ့သည့် အမှု ပေါင်း ၈ မှု ထောင်ဒဏ် ၁၂ နှစ် အနက်မှ ၄ နှစ်အား လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ပြီး လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အမှုများမှာ ကင်းလွတ်ရန် ကာလအနည်းငယ်သာကျန်သည့်အမှုများဖြစ်ကာ ရာဇဝတ်ကြီးအမှုများ မပြီးပြတ်သေးသည့်အမှုများ ပြစ်ဒဏ်များ ဆက်လက် ကျန်ရှိနေသဖြင့် လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရှိရ သည်။

နေပြည်တော်တွင် တည်ထားပူဇော်နေသည့် မာရဝိဇယ​ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပြီးမြောက်သည့်အောင်ပွဲ အထိမ်းအမှတ်အနေဖြင့် ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့​တွင် ထောင်နှင့်ချီသော အကျဥ်းသားများ လွတ်ပေးခဲ့ပြီး အကျဥ်းသားများဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PAN