“တောင်အာဖရိက နိုင်ငံတွင် ကျင်းပပြုလုပ်မည့် BRICS ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင် ဖြစ်နိုင် ရန် တရားဝင်တင်သွင်းသည့် နိုင်ငံအချို့ ၏ လျှောက်လွှာများကို ထည့်သွင်း စဥ်းစားသွား မည်ကို ယုံကြည် နေကြပြီး ဗင်နီဇွဲလား နိုင်ငံကလည်း BRICS အဖွဲ့အစည်းတွင် ပါဝင်နိုင်ရန် လျှောက်ထားမှုများပြုလုပ်ခဲ့”

သြဂုတ် ၁

ဗင်နီဇွဲလားနိုင်ငံ သည် BRICSအဖွဲ့အစည်းကြီး တွင် ပါဝင်နိုင်ရန် လျှောက်ထား မှုများပြု လုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် ဗင်နီဇွဲလားသမ္မတ Nicolas Maduro က Venezolana de Television channel “With Maduro +” အစီအစဥ်တစ်ခုအတွင်း “ဗင်နီဇွဲလားနိုင်ငံဟာ BRICS နဲ့ ပူးပေါင်းဖို့ အဆိုပြုချက်တစ်ခု ပေးပို့ထားပြီး၊ ဒီအဆိုပြုချက်ကို အပြုသဘောဆောင်တယ်လို့ ယူဆနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သမ္မတက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ဗင်နီဇွဲလား BRICS အဖွဲ့ဝင်ဖြစ်လာဖို့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ဆီက အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုကို ကျနော် တို့ မျှော်လင့်နေပါတယ်”လို့လည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် “BRICS သည် ကမ္ဘာသစ်တစ်ခု တည်ဆောက်ရာတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ဘက်စုံကမ္ဘာဆီသို့ ရွေ့လျားပြောင်းလဲနေသော လမ်းကြောင်းကို ဖွင့်ပေးနေပါတယ်” လို့ သမ္မတ Maduro က အဆိုပါ အစီအစဥ်တွင် အလေးအနက် ပြောကြားခဲ့တာဖြစ်ပါတယ်။

လာမည့် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ ၌ ကျင်းပမည့် BRICS ထိပ်သီး အစည်းအဝေး တွင် BRICS အဖွဲ့ဝင်နိုင်ငံအချို့မှ တရားဝင်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမှာဖြစ်တယ်လို့ မျှော်လင့်ရကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုနေကြပါတယ်။