“ယခုလာမည့် နွေရာသီတွင် ထိုင်းနိုင်ငံက ၎င်းတို့နိုင်ငံ၏ လေကြောင်းလိုင်း ခရီးစဥ်များ ကို တိုးမြှင့်မှုများ ပြုလုပ်သွားမည်”

ဇူလိုင် ၃၁

Thai Airways International သည် ယခုလာမည့် နွေရာသီတွင် ဟော့ကိုင်းဒိုးသို့ သွားရောက်လည်ပတ်ရန် တောင်းဆိုမှု များပြားလာသည့်အတွက် ဩဂုတ် ၂ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ တစ်ပတ်လျှင် ၅ ရက် ဘန်ကောက်-ဆာပိုရို အသွားအပြန် ခရီးစဉ်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံတော်အလံ လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။

ထိုင်းလေကြောင်းလိုင်း လေယာဉ်သည် Boeing 787-9 ဖြစ်ပါတယ်။

အဆိုပါခရီးစဉ်အသေးစိတ်အချက်အလက်များမှာ-

  • အဆိုပါ ခရီးစဉ်များမှာ TG670 Bangkok-Sapporo သည် တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တွင် ဘန်ကောက်မှ 11:45 နာရီတွင် ထွက်ခွာမှာဖြစ် ပြီး Sapporo သို့ ဒေသစံတော်ချိန် နံနက် 8:30 နာရီတွင် ရောက်ရှိမှာဖြစ်ပါတယ်။
  • Flight TG671 Sapporo-Bangkok သည် တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တွင် Sapporo မှ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ထွက်ခွာပြီး ညနေ ၃ နာရီတွင် ဘန်ကောက်သို့ ဆိုက်ရောက်မည်ဖြစ်ပါတယ်။

အခြားခရီးစဉ်များဖြစ်သည့် ဘန်ကောက်-တိုကျို (Narita)၊ ဘန်ကောက်-တိုကျို (Haneda)၊ ဘန်ကောက်-နာဂိုယာ-ဘန်ကောက်-အိုဆာကာနှင့်ဘန်ကောက်-ဖူကူအိုကာများသို့ အသွားအပြန် ခရီးစဉ်များ ပြေးဆွဲပေးသွား မှာလည်းဖြစ်ပါတယ်။