ဘားအံမြို့နယ်၊ သံလွင်တံတား (တရုတ်လှ)ဘက်ခြမ်းတွင် စစ်ဆေးရေးဂိတ် အနီးသို့ဟွန်ဒါဖစ်(အ​ဖြူရောင်) တစ်စီးကို စစ်ဆေးစဥ် ပေါက်ကွဲမှု ဖြစ်ပွား၊ ၁၀ ဦးဒါဏ်ရာရပြီး တစ်ဦးသေဆုံး

ဇူလိုင် ၃၁

       ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား (တရုတ်လှ)ဘက်ခြမ်းတွင် စစ်ဆေးရေးဂိတ် အနီးသို့ဟွန်ဒါဖစ်(အ​ဖြူရောင်) တစ်စီး မောင်းနှင်လာ၍ ယာဥ်ထိန်းရဲ တကက မျိုးမျိုး က ရပ်တန့်စစ်ဆေးရန် ယာဥ်၏ရှေ့ ယာဘက်ခြမ်းတံခါးအား ဖွင့်ခဲ့ရာ ကားအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

      အဆ်ိုပါ မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်သား ၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား အမျိုးသား တစ်ဦးသေဆုံး၊အရပ် သား ဒါဏ်ရာရ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး တို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

         ဒါဏ်ရာရသေဆုံးသူ တပ်ဖွဲ့ဝင်နှင့်အရပ် သားများကို လူနာတင်ယာဥ်များဖြင့် တဆရ (၂/၁၀၀) သို့ ပို့ဆောင့်ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN