ကျောက်ကြီးမြို့နယ်ရှိ ရဲကင်းစခန်းအား လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး တုတ်ခွာထွက်ပြေးသော အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့ကိုနယ်မြေခံတပ်မတော်လုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းရာ KNU အရာရှိ တစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၃၁

       ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက်၊ မာလာဦးရဲကင်းစခန်းအား အကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က သာလွန်အင်အားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ နယ်မြေခံတပ်မတော်လုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းရာ အဆိုပါ အကြမ်းဖက်သောင်းကျန်း သူအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

         ၎င်း ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူ KNU အရာရှိ တစ်ဦးကို ၄၀ မမဗုံးပစ်လောင်ချာ တစ်လက်၊ ၄၀ မမဗုံးသီး တစ် လုံး၊ ၄၀ မမဗုံးသီး ကျည်ခွံတစ်ခု၊ လမ်း လျှောက်စကားပြောစက်(Icom) တစ်လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် နယ်မြေခံတပ်မတော်လုံခြုံရေးပူးပေါင်းအဖွဲ့ဖက်မှ ပြည် သူ့စစ် သုံးဦး မစိုးရိမ်ရ ဒါဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

        အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ကျောက်ကြီးမြို့အား ဖြတ်လေးဖြတ်ဖြင့်ဆောင်ရွက်နိုင်ရန် ကျောက် ကြီး – နတ်သံကွင်း ကားလမ်းပေါ်ရှိ တံတားများကို အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခြင်း၊ တံတားများပျက်စီးသဖြင့် မော်တော်ယာဥ်များမသွားလာနိုင်၍ ဆိုင်ကယ်ရီများဖြင့် လူ၊ ပစ္စည်များ သယ် ယူပို့ဆောင်သောအခါ ၎င်း ကယ်ရီသမားများကို အဆိုပါ အကြမ်းဖက် KNU နှင့် PDF များက ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ပြီး လမ်းပမ်းဆက်သွယ်မှု ပြတ်တောက်အောင် ဆောင်ရွက်ခဲ့ကြပါသည်။

        ယခုအခါ အကြမ်းဖက် KNU နှင့် PDF များတိုသည် ကျောက်ကြီးမြို့သိမ်းတိုက်ပွဲ ဆင်နွဲနိုင်ရန် သွေးတိုးစမ်းတိုက်ခိုက်မှုများပြုလုပ်နေကြကြောင်း သိရပါသည်။

#PAN