ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်ဘက်အဆောက်အဦများကို အကြမ်း ဖက်သောင်းကျန်းသူKTLAနှင့် PDF ပူး ပေါင်းအဖွဲ့ကDrone များအသုံးပြုပြီး Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခဲ့

ဇူလိုင် ၃၀

      ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယမန်နေ့ ည ၁၀ နာရီအချိန့်ခန့်က အကြမ်းဖက်လူသတ်သောင်းကျန်းသူ KTLAနှင့် PDF ပူး ပေါင်းအဖွဲ့က အရပ်ဘက်ဌာနဆိုင်ရာ​ဖြစ်သောမြို့နယ်ပြည်သူ့ဆေးရုံကို Drone များအသုံးပြုပြီး Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခဲ့ရာလူအဆောက်အဦထိခိုက်မှုမရှိကြောင်း သိရပါသည်။

        အလားတူ မြို့နယ်စည်ပင်ပိုင်၊ စည်ပင်ဝန်းအတွင်းရှိ ဇမိခန်းမကို Drop Bomb ပစ်ချခဲ့ရာ ဇမိခန်းမအချို့နေရာများ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု့မရှိကြောင်း၊အကြမ်းဖက်အဖွဲ့များကို နယမြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက လိုက်လံ ရှင်း လင်းလျက်ရှိကြောင်းသတင်းရရှိပါသည်။

    လူသတ်အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF များသည် စစ်ရေးပစ်မှတ်မဟုတ်သော ​ဆေးရုံများအပါအဝင် အရပ်ဘက်အဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံ တကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ရာရောက်ကြောင်း သိရှိရပါသည်။

#PAN