အောင်လံမြို့နယ်တွင်ရွာခွဲအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF အဖွဲ့က နေအိမ်တွင် လာရောက်သတ်ဖြတ်၊ အလောင်းသယ်ယူသော လုံခြုံရေးအဖွဲ့ကို PDF များက မိုင်းဆွဲတိုက်ခိုက်

ဇူလိုင် ၃၀

      ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊အောင်လံမြို့နယ်၊ သမ္ဘူလအခြေစိုက်၊နှောက်စမ်းအုပ်စု၊ မဲခေါင်းကျေးရွာနေ ယခင်မဲခေါင်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေးမှူးဟောင်း ဦသန်းအေး၊ ၆၀နှစ်၊(ဘ)ဦးကြွက် ကို  လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF ၃ ဦးက ဦးသန်းအေး နေအိမ်သို့လာရောက်ပြီး သေနတ်ဖြင့် ၅ ချက်ပစ်၍ သတ် ဖြတ်သွားကြောင်းသိရပါသည်။

        အဆိုပါ သတ်ဖြတ်ခံရသော ဦးသန်းအေး၏ အလောင်းအား အောင်လံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် သွားရောက်သယ်ယူသော လုံခြုံ ရေးအဖွဲ့ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့က နှောက်စမ်းရွာနှင့် မဲ‌ခေါင်းကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းမိုင်းဆွဲသော အကြမ်း ဖက်လPDF အဖွဲ့မှာ အင်အား၂၅ ဦးခန့်ရှိပြီး လုံခြုံရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု့ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

        ၎င်းဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့မှ ထိခိုက်မှု့မရှိဘဲ လူသတ်အကြမ်းဖက် PDF များ ဆုတ်ခွာရာနောက်သို့  လိုက်လံရှင်းလင်းလျှက်ရှိကြောင်းသတင်းရရှိပါသည်။

#PAN