သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့များကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ၄၀ မမ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်

ဇူလိုင် ၃၀

      မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ (၅)မိုင်စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က လုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူ PDF စိစစ်ဆဲအဖွဲ့မှ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် လာရောက်၍ ၄၀ မမဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးပူး ပေါင်း အဖွဲ့နေရာ၏ အနောက်ဘက်(၁)ဖာလုံခန့်အကွာ ရှိ တောစပ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များသည် (၅)မိုင်စစ်ဆေးရေးဂိတ်၏ တောင်ဘက်တောထဲသို့ ဆုတ်ခွာသွားခဲ့ပါသည်။

       အလားတူ ယနေ့ နံနက် ၅ နာရီ၂၀ မိနစ်အချိန်ခန့်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ ကန်လည်တံတားစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူ PDF  ဦးစီးခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၆ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့်လာရောက်၍ စစ်ဆေးရေးဂိတ်၏မြောက်ဘက် မီတာ(၂၀၀)ခန့်အကွာ မင်းတုန်းချောင်း၏ တစ် ဖက်ခြမ်းမှ ၄ဝ မမဖြင့် ၁ ချက် လက်နယ်ငယ် (စိစစ်ဆဲ)များဖြင့် အချက် ၂၀ ခန့် ဖြင့်ပစ်ခတ်ခဲ့ရာ ၄၀ မမဗုံးသီးသည် စစ်ဆေးရေးဂိတ်၏ အနောက်ဘက် ခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးပူးပေါင်းအဖွဲ့မှ လူ/လက်နက်/ခဲယမ်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် နံနက် ၅ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များသည် စစ်ဆေးရေးဂိတ်၏ မြောက်ဘက် ညောင်ကြပ်ကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သတင်းရရှိပါသည်။

#PAN