ရေးပြောက်ကျားတပ်ဖွဲ့ စီးနင်းခံရ

ဇူလိုင် ၂၉

ရေးပြောက်ကျားတပ်ဖွဲ့ YGF ၏ ရှေ့တန်းထောက်ပို့နှင့်ဆက်သွယ်ရေး ရုံးစခန်း ဝင်ရောက်စီးနင်းခြင်းခံရပြီး လက်နက်၊ခဲယမ်း ၊ခန့်မှန်းတန်ဖိုး သိန်း၂၀၀၀(နှစ်ထောင်)ခန့်ဆုံးရှူံးခဲ့ကြောင်း YGF ၏ပြောဆိုချက်အရ သိရှိရသည်။

ရေးမြို့နယ်မှာအပစ်မဲ့ပြည်သူတွေနှင့် နိုင်ငံပိုင်အဆောက်အဦးတွေကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်မှုတွေပြုလုပ်နေသည့် YGF-ရေးပြောက်ကျားတပ်ဖွဲ့၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေး ရုံးစခန်းချရာနေရာကို ဇူလိုင်လ ၂၂ရက်နေ့ မနက် ၇နာရီအချိန်ခန့်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းစီးနင်းခံရခြင်းကြောင့် လက်လွတ်ထွက်ပြေးခဲ့ရပြီး YGF -ရေးပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်တစ်ဦး ပေါင်နှင့်လက် ထိခိုက်ဒဏ်ရာရခဲ့ကာ ရှေ့တန်း ရုံးစခန်းအတွင်းမှ လက်နက်(၁၁)လက်၊ခဲယမ်းများစစ်အသုံးအဆောင်ပစ္စည်းများ အစရှိသည့် ခန့်မှန်းတန်ဖိုး သိန်း၂၀၀၀(နှစ်ထောင်) ကျပ်ခန့် ဆုံးရှူံးခဲ့ရ​ကြောင်းသိရသည်။

ရေးမြို့နယ်တွင် PDF များ၏ ဖောက်ခွဲ ပစ်ခတ်မှုများစွာဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် မွန်လူမျိုးအများစု နေရပ်စွန့်ခွာမှုများ သေဆုံးမှုတွေရှိခဲ့တာကြောင့် မွန်ပြည်သစ်ပါတီ မွန်လက်နက်ကိုင်အဖွဲ့မှလည်း မွန်လူမျိုးနေထိုင်ရာရေးနှင့်ဆက်စပ်မြို့နယ်များတွင် လှည့်ကင်းလုံခြုံရေးဆောင်ရွက်နေသကဲသို့ တပ်မတေယ်စစ်ကြောင်းမျာနဲ့း လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

#PAN