စပိန်နှင့် မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗား ကစားသမားဘဝမှ အနားယူ

ဇူလိုင် ၂၈

    စပိန်နှင့် မန်စီးတီး ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗားဟာ ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

    ဒေးဗစ်ဆေးလ်ဗား(၃၇နှစ်)ဟာ မန်စီးတီးအသင်းနှင့်အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး ဒူးအရွတ်ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

    ဆေးလ်ဗားဟာ အသင်းသမိုင်းတလျှောက် အခမ်းနားဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း မန်စီးတီးအသင်းက ဂုဏ်ပြုစာ ထုတ်ပြန်ခဲ့ပါတယ်။

Photos: Twitter